ရန်ကို မရှာ၊ အမှန်လို တာ

ရေးသားသူ= ရှင်သန်


လေပြေအေးသာ
တိုက်ချင်ပါလည်း
မုန်းတိုင်းတွေကို
မင်းကြိုဆို။

အပြုံးတွေကို
ပေးချင်လိုလည်း
အမုန်းတွေသာ
ဖန်တီးတာ။

အေးမြသာယာ
နေချင်ပါလည်း
ကြမ်းဖက်မှုသာ
ပွင့်ဝေဖြာ။

သူတော်စင်လို
စိတ်ထားလိုလည်း
အငြှိုးတရားနဲ့
ဝင်ထိုးနှက်။

ငြိမ်းချမ်းရေးမှာ
အိပ်လိုပါလည်း
ဗုံးသံတွေသာ
သံစဉ်ဖြာ။

ကင်းလွတ်နေရာ
ပုန်းနေပါလည်း
ဝုန်းဝုန်းဒိုင်းဒိုင်း
ပြေးဖွေရှာ။

ဘုရားရှင်လို
သည်းခံလိုလည်း
မာန်ပိုပြုချက်
လွန်ရက်စက်လို့
မပျက်မကွက်
 အမှန်ဘက်သာ
ဆက်ရပ်ပါမယ်
သဗ္ဗေ သတ္တာ ကမ္မဿကာ
သင်ပြုမူတာ သင်ခံရှာ။
ရှင်သန်
1.10.2012 9:45 PM  တနင်္လာ

0 သူတို့ရေးသား အမှတ်တရစကား:

Post a Comment

((( ရင်ထဲက စကားလေး အမှတ်တရ ထားခဲ့နိုင်ပါတယ် )))

free counters
အမှတ်တရ စကားဂေဟာ

♣အမှတ်တမဲ့ ရေသွားပေမယ့်လည်း အမှတ်တရ ရင်မှာ ကျန်ရစ်နေမှာပါ♣