ဘယ်လောက် ချမ်းသာလဲ
ဘယ်လောက် အဆင့်တန်းလဲ
ငါ မကြည့်ခဲ့၊ ငါ မသိခဲ့
ဘာဆိုဘာမှ မသိခင်ပဲ
မြင်မြင်ချင်း ချစ်ခဲ့မိတာ
အိမ်ဘေးက စံပယ်ရနံ့
တံခါးဖွင့်တာနဲ့ ပြေးဝင်လာ
ဂုဏ်ရှိ/ ဂုဏ်မဲ့ သူမသိခဲ့
သင်းရနံ့ မွှေးပျံ့ပေးဖို့သာ။
မင်းအလှတွေဟာ
အခြားသူတို့အဖို့ အညတရ ဖြစ်ပေမယ့်
ငါ့အတွက်တော့ အထင်ကရ ဖြစ်ခဲ့ရှာတယ်
လတန်ခူးမှာ ကမြူးတဲ့ ပိတောက်တွေလိုပေါ့။
ငါဟာ မင်းအမြင်မှာ
လမိုက်ညအောက် ရောက်သူပမာ
မှေးမှိန် မှုန်ဝါးနေလည်း
မင်းလေးဟာ င့ါအတွက်တော့
ကောင်းကင်ယံက လပြည့်ဝန်းပါ
မင်းအလှတွေ ငါ့မျက်ဝန်ထဲ
တိတ်တိတ်ကလေး ထင်ရှားခဲ့တယ်။
ဝှေ့ကာ ရမ်းကာ
ညင်ညင်သာ မင်းအကြည့်တွေက
ယုန်ငယ်လေးလို အပြစ်ကင်းလိုက်တာ
ဣနြေ္ဒရတဲ့ ဟန်မူရာတွေက
အေးအေးနေတတ်တဲ့ ငါ့နှသားကို
ကလေးငယ်လို ကခုန်စေခဲ့တယ်။
တည်တည်ငြိမ် မင်းအပြုံးတွေကြောင့်
ကျောက်ချထားတဲ့ နှလုံးသား
ရုန်းအားပြင်းစွာ
ပြေးထွက်သွားတယ်။
ဆွံ့အနေတဲ့ ငါ့နှလုံးသားလေး
သာသာယာ မင်းအသံတွေကြား
စကားများသွားခဲ့ပြီကွာ။
ယုံကြည်ပါ မိန်းကလေးရာ
င့ါအချစ်တွေဟာ မင်းအလှမှာ
မာယာမဲ့ ဖွားမြင်ခဲ့တာ
ဂုဏ်ငွေတွေထဲ
ယောင်လို့တောင် မလဲကျခဲ့
ငါ့အချစ်တွေ ဖြူစင်တာ
မင်းရွှေရင်သာ သိပါစေကွာ..။
ရှင်သန်
29.9.2012 11:00 PM စနေ

1 သူတို့ရေးသား အမှတ်တရစကား:
တည်တည်ငြိမ် မင်းအပြုံးတွေကြောင့်
ကျောက်ချထားတဲ့ နှလုံးသား
ရုန်းအားပြင်းစွာ ပြေးထွက်သွားတယ်။
ဆွံ့အနေတဲ့ ငါ့နှလုံးသားလေး
သာသာယာ မင်းအသံတွေကြား
စကားများသွားခဲ့ပြီကွာကဗျာလေးအားပေးခံစားသွားပါတယ်
Post a Comment
((( ရင်ထဲက စကားလေး အမှတ်တရ ထားခဲ့နိုင်ပါတယ် )))