ခွေးငယ်ကလေး မုန့်တွေကျွေးက
ဖြူဖွေးသွားများ ပေါ်စေငြားလျက်
အနားတိုးလှမ်း အမြီးရမ်း၏။
ကြောင်ရွှေဝါလေး အစာပေးက
အလေးပြုယောင် တညှောင်ညှောင်နဲ့
သားမောင်လိုမျိုး လူကိုတိုး၏။
ခိုငှက်လေးတွေ အစာဝေက
အနေမရိုင်း ကဆုန်စိုင်းလျက်
ချက်သိုင်းသွက်လက် လက်ပေါ်တက်၏။
အော်..
အပါယ်ဘုံးသား တိရစ္ဆာန်များပင်
အစားအစာ ရသောခါတွင်
မာယာမဖြာ ဟန်မူယာဖြင့်
တင်လာကျေးဇူး ဆပ်လိုက်ဦးမည်
ထူးကြံစည်လျက် သံမြည်ချိုချို
ကျေးဇူးဆိုလည်း..။
လူပင်မည်မြောက် တိရစ္ဆာန်လောက်ပင်
ဦးနှောက်မပါ စိတ်ယုတ်မာလျက်
အစာကျွေးလက် ပြန်ကိုက်ထွက်သို့
အသက်ရှင်ရှင် နေစေချင်လို့
တော်ဝင်စိတ်ထား ရွှေလက်များဖြင့်
သနားငဲ့ညှာ ပြုဖူးတာကို
သစ္စာအမှန် သိနေပြန်လျက်
ပြစ်ဒဏ်မကြောက် စိတ်တွင်ကောက်ကာ
မှောက်မှားစီရင် ကျေးစွတ်ချင်၏။
အသင်လူကား ဘာလူသားလဲ
ကိုယ့်အားကိုယ်မေး ဆင်ခြင်တွေးလော့
စိတ်အေးကြည်လင် အမှန်မြင်တော့
အလျင်မြန်စွာ ပြင်ဆင်ပါလော့။
ရှင်သန်
3.10.2012 8:00 PM ဗုဒ္ဓဟူး

2 သူတို့ရေးသား အမှတ်တရစကား:
တရားကဗျာလေးနော်။ အားပေးသွားတယ်။။
မှန်ကန်တဲ့ တရားကဗျာလေးပါ..လရိပ်ပြောသလို..အားပေးမှတ်သားသွားတယ်နော်..
ခင်မင်နေတဲ့..မိုးနတ်
Post a Comment
((( ရင်ထဲက စကားလေး အမှတ်တရ ထားခဲ့နိုင်ပါတယ် )))