Gtalk အကောင့် ရှာဖွေနည်း

ရေးသားသူ= ရှင်သန်

အွန်လိုင်းသုံးခါစသူတွေအတွက်သာ ရည်ရွယ်ပါသည်။
ဂျီတော့ စတင် အသုံးပြုခါစ ညီငယ် ညီမငယ်တို့ အဆင်ပြေစေရန် ဂျီတော့အကောင့် ရှာနည်းလေးပါ။
ဂျီတော့ သုံးခါစမှာ လက်ကွက်ကလည်း မရသေး။ ချက်မည့်သူကလည်း မရှိသေးဘူး။
  တော်တော် အားငယ်ရတယ် ဟုတ်။
 အကောင့် လိုချင်လို့ ဟိုလူ့ အကို ခေါ်ရ။ ဒီလူ့ အမ ခေါ်ရနဲ့။ တော်တော်လေး လိမ္မာပြတတ်ရတယ်။ 
အင်တာနက်သုံးခါစမို့ လက်ကွက် မမြန်သေးရင် ချက်တင်သာ နင်းကန်ထိုင်ပစ်လိုက်။ 
ချက်မည့်လူကပါ အဆင်သင့် ရှိရင်တော့ တစ်ပတ်လောက်နဲ့ကို လက်က တဖြောင်းဖြောင်းနေလိမ့်မယ်။
တစ်လလောက်ဆိုရင်တော့ 
အိုလံပစ် အပြေးချန်ပီယံ အူစိန်ဘော့ အရှုံးပေးလောက်မှာ။ မြန်ချက်ကတော့။
ဒီနည်းလေးက  အွန်လိုင်းပေါ်မှာ တပ်ဆွဲထားတာ ကြာပြီးဖြစ်သူတို့အတွက် အပိုထင်စရာ ဖြစ်ကောင်းဖြစ်မယ်။
ချက်တင်သုံးခါစသူဖို့တော့ သိန်းထောင့်ငါးရာထီ ပေါက်သလို တန်းဖိုးကြီးမယ်။
မိန်းကလေးအကောင့် လိုချင်လည်း ရွေးရှာလို့ ရတယ်။
ယောကျာ်းလေးအကောင့် လိုချင်လည်း ရွေးရှာလို့ ရတယ်။

ကဲ အကောင့် ရှာပုံတော်မင်းသား/မင်းသမီး လုပ်ဖိုဒီကို နှိပ်ပါ။
အသင်းဝင်ဖို့ လိုရင် အသင်းဝင်လိုက်ပေါ့။ 
အခု ပို့စ်နေတဲ့အချိန်ထိတော့ အသင်းမ၀င်ဘဲ ကြည့်လို့ ရနေတယ်။
ထိုလင့်ကို ၀င်လိုက်ရင်
 အောက်ကပုံအတိုင်း အဲ့ဒီဆိုဒ်ထဲမှာ ၀င်ရောက်ထားတဲ့ အသင်းဝင်စာရင်းကို ဖော်ပြထားတယ်။
အဲ့ဒီအသင်းဝင်စာရင်းထဲမှာ 
မိန်းကလေးဆိုလည်း မိန်းကလေး၊ ယောကျာ်းလေးဆိုလည်း ယောကျာ်းလေး ခွဲပြီး ဖော်ပြထားတယ်။
အသင်းဝင်သူ၏ နာမည်ရဲ့ နောက်မှာ လူပုံလေး ပေါ်နေရင် ထိုသူသည် လက်ရှိ အင်တာနက်သုံးနေသည်။ သုံးနေရင် ဂျီတော့ကို ကျိန်းသေး ဖွင့်ထားမှာပေါ့။ 
အဲ့ဒါဆိုရင် သူ့အကောင့်ကို အပ်လိုက်ရင် ချက်ချင်းဆိုသလို လက်ခံလောက်မှာပေါ့နော်။
အသင်းဝင်စာရင်းရဲ့ အောက်မှာ ရှေ့စာမျက်နှာသို့ ဆိုပြီး ပြထားတယ်။ 
စာမျက်နှာတစ်ခုကို ရှာပြီးရင် နောက်စာမျက်နှာမှာ ရှာပေါ့။
စာမျက်နှာ ၅၀/၁၀၀ လောက် ရှာလိုက်ရင်ကို ချက်မနိုင်အောင် ဖြစ်သွားမယ်။
Page ဆိုတဲ့ စာရဲ့နောက်နားက အကွက်ထဲမှာတော့ လိုချင်တဲ့စာမျက်နှာနံပါတ်ကို တိကျထည့်ပြီး 
Go ကို နှိပ်ကာ ရှာပေါ့။ အောက်ပုံကို ကြည့်ပါ။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIFquBcRfef-_BvLEfrhpBb00uQDD8HbAe_DSPRBJQzBhs6Dzlfx7tB6sXPiguaH1RLzBtopTwypVdSmuFiNHq6ysIMKEHv2k8_8iEvSBaM99ZP-imG9-5J7aHv5pr63v5BcrhhEOcipU/s1600/1.png
အကောင့်ယူဖို့အတွက် မိမိလိုချင်တဲ့သူရဲ့ နာမည်ပေါ်မှာ ညာကလစ်နှိပ်ပြီး 
Open Llink in New Tab ကို နှိပ်ပါ။(ပေါ်နေတဲ့စာမျက်နှာ မပျောက်သွားအောင်ပါ။)

အထက်ပါတိုင်းလုပ်ပြီးရင် သူ့စာမျက်နှာကို ရောက်သွားမယ်။
သူ့စာမျက်နှာ အလယ်လောက်မှာ
 ကိုယ်ရေးကိုယ်တာအချက်အလက် ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ကဏ္ဍလေး တစ်ခု ရှိတယ်။
အဲ့ဒီကဏ္ဍမှာ သူ့အကောင့်ကို ဖော်ပြထားတယ်။
ဖော်ပြထားတယ်ဆိုရာမှာ ဖော်ပြသူ ရှိသလို မဖော်ထားသူလည်း ရှိတယ်။
မဖော်ပြထားရင်လည်း စောက် ကောင်မ/ စောက်ကောင်စုပ် ဆိုပြီး မဆဲခဲ့နဲ့ဦးနော်။
ဖြစ်တတ်လို့ ကြိုပြောထားတာ။
ဖော်ပြထားရင်တော့ ကိုယ့်အတွက် အိုကေတာပေါ့နော်။
ကူးပြီးတော့သာ ကိုယ့်ဂျီတော့မှာ အပ်လိုက်ပေတော့။ အောက်ကပုံကို ကြည့်ပါ။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-QN5BB4AiMgeHkOOo0Ey0BEcFNeC6nfVgHr2XgBRE8CbTemo7GBDB2e8nJ-rHTm-sxrm9IkLWxWERYM0CN9LIa5K7OOYSotULz8Q7bxSVgj_xjsPL0ZIq3WJTh6Opkh64UnXVhOemQOw/s1600/2.png
အသင်းဝင်စာမျက်နှာမှာ တစ်ယောက်ပြီး တစ်ယောက် အဲ့ဒီလိုပဲ ရှာပါ။
စာမျက်နှာတစ်ခု ပြီးသွားရင်တော့ နောက်စာမျက်နှာ တစ်ခုကို နှိပ်ပြီး ရှာပေါ့နော်။
အချိန်တော့ နဲနဲ ပေးရတာပေါ့နော်။ တစ်နေ့ နဲနဲစီ လုပ်ပေါ့။
စာမျက်နှာ ၁၀ခုဆို ၁၀ ခုပေါ့။ နောက်နေ့ ၁၀ ခုပေါ့။
ဒီလိုသာ ပုံမှန်လေး ရှာသွားရင် မိမိဂျီတော့မှာ အကောင့်တွေ ပလူပျံသွားမယ်။
အခြားအသင်းဝင်လို့ ရတဲ့ ဆိုဒ်တွေမှာလည်း ဒီနည်းတိုင်း ရှာလို့ ရတယ်။ 
တချို့ဆိုဒ်တွေကတော့မိန်းကလေး ယောက်ျားလေး မခွဲထားတော့ ရွေးရှာရတာ နဲနဲ ခက်တယ်။
ထိုဆိုဒ်တွေကို လိုချင်ရင်တော့ မိမိဘလော့ရဲ့ ညာဘက်အခြမ်းမှာ 
အသင်းဝင်နိုင်သော ဆိုဒ်များ ဆိုတဲ့ ခေါင်းစဉ်မှာ ရှာဖွေပါ။


ဂျီတော့အကောင့်များစွာနဲ့ ပျော်ရွှင်နိုင်ပါစေ... ကြောင်း.... ဆုမွန်တောင်းပါသည်။

2 သူတို့ရေးသား အမှတ်တရစကား:

မြတ်နိုးသူ said...

ဗဟုသုတလေးတွေလာရောက်လေ့လာသွားပါတယ်

Myanmar News Now said...

လေ့လာစရာတွေ တော်တော်စုံတယ် ကြိုက်သွားပြီဗျာ

Post a Comment

((( ရင်ထဲက စကားလေး အမှတ်တရ ထားခဲ့နိုင်ပါတယ် )))

free counters
အမှတ်တရ စကားဂေဟာ

♣အမှတ်တမဲ့ ရေသွားပေမယ့်လည်း အမှတ်တရ ရင်မှာ ကျန်ရစ်နေမှာပါ♣