အပေါ်ကပုံမှာ မြှားပြထားတဲ့ နေရာမှာ ပုံလေးတွေ တစ်ပုံပြီး တစ်ပုံ ပေါ်အောင် လုပ်နည်းပါ။
ထိုသို့ ဖြစ်အောင် Gtalk Shell ဆော့ဝဲလေးကို သုံးရပါတယ်။ Gtalk Shell ကို ဒီမှာ ဒေါင်းလိုက်ပါ။
အဲ့ဒီ Gtalk Shell ကို Run လိုက်ရင် အောက်က ပုံလို တက်လာပါမယ်။
တက်လာရင် ဂျီတော့ထဲကို ၀င်ရိုးဝင်စဉ်အတိုင်းပဲ ၀င်လိုက်ပါ။
ဝင်ပြီးသွားရင် ဂျီတော့ဘောက်စ်လေးပေါ်က Shell ကို နှိပ်ပြီး Option ကို နှိပ်ပါ။ ဘောက်စ်တစ်ခု
တက်လာမယ်။
တက်လာတဲ့ ဘောက်စ်ထဲက Avatar ကို နှိပ်ပါ။
Add ကို နှိပ်ပါ။ နှိပ်လိုက်ရင် ဓာတ်ပုံတွေ ရွေးထည့်ဖို့ Open ဘေက်စ် ပေါ်လာမယ်။
မိမိ ဓာတ်ပုံရှိတဲ့ ဖိုင်နေရာကို သွားပြီး ထည့်လိုတဲ့ ဓာတ်ပုံကို မောက်စ်နဲ့ နှစ်ချက်နှိပ်ပြီး ထည့်ပါ။
လိုသလောက် ဒီတိုင်းပဲ ထည့်သွားရုံပါ။
Interval(Seconds) ဆိုတဲ့ စာကြောင်းအောက်လေးမှာ ပုံတွေ တစ်ပုံပြီး တစ်ပုံပြောင်းရာမှာ
အမြန်နှုန်းကိုလည်း ချိန်လို့ ရတယ်။ ရာနှုန်းနဲရင် မြန်တယ်။ များရင် နှေးမယ်။
ပြီးရင်တော့ Ok ကို နှိပ်ပေးလိုက်ရင် မိမိဂျီတော့ပေါ်က ပုံတွေ ပြောင်းပြနေမယ်။
တကယ်လို့ မလိုချင်တဲ့ပုံကို ဖျက်ချင်ရင် အပေါ်မှာ ပြခဲ့တဲ့အတိုင်း သွားပြီး ဖျက်လိုတဲ့ ပုံကို မောက်စ်နဲ့ နှိပ်ပြီး Remove ကို နှိပ်ပြီး ဖျက်ပါ။
နောက်တစ်ခါ သုံးရင်လည်း စက်ထဲက Gtalk Shell ကိုပဲ ဖွင့်ပြီး သုံးပေါ့။





0 သူတို့ရေးသား အမှတ်တရစကား:
Post a Comment
((( ရင်ထဲက စကားလေး အမှတ်တရ ထားခဲ့နိုင်ပါတယ် )))