ရိုးရိုးတန်းတန်း ဂျီတော့အကောင့် လုပ်တာ မရရင် ဖုန်းနံပါတ်နဲ့ လုပ်ယူလို့ ရပါတယ်။
မြန်မာနိုင်ငံက လုပ်တဲ့သူတွေကို ဆိုလိုပါသည်။
မြန်မာနိုင်ငံက လုပ်တဲ့သူတွေကို ဆိုလိုပါသည်။
ဂျီတော့အကောင့် လုပ်တဲ့ စာမျက်နှာမှာ ဖြည့်စရာတွေကို ဖြည့်ပြီး
အောက်ဆုံးမှာ ရှိတဲ့ Next ကို နှိပ်လိုက်ရင် တစ်ခါတည်း ရတဲ့အခါလည်း ရှိတယ်။
မရတဲ့အခါလည်း ရှိတယ်။ တစ်ခါတည်းမရရင် အောက်ကပုံအတိုင်း ပေါ်လာမယ်။
အကောင့်လုပ်တဲ့စာမျက်နှာသို့ သွားချင်ရင် ဒီမှာ နှိပ်ပါ။
လုပ်ရိုးလုပ်စဉ် အကောင့်လုပ်နည်းတော့ သိမှာပေါ့နော်။

အထက်ပါအတိုင်းပေါ်လာပြီးရင် အောက်ကပုံအတိုင်း ပေါ်လာမယ်။

အထက်ပါပုံမှာ ပြထားတဲ့ထားတာကတော့ မိမိဖုန်းနံပါတ်ကို Text message ပို့ခိုင်း၍ ဖြစ်စေ၊
Voice Call ခေါ်စေ၍ ဖြစ်စေ Verification Code ကို ရယူရမယ်ဆိုတဲ့ သဘောပါ။
မိမိစမ်းကြည့်တာတော့ Text message တော့ မပို့ဘူး။
မြန်မာမို့လား မသိ။ မြန်မာဖြစ်ရတဲ့ ဒုက္ခ။ Voice Call တော့ ခေါ်ပေးတယ်။
မြန်မာမို့လား မသိ။ မြန်မာဖြစ်ရတဲ့ ဒုက္ခ။ Voice Call တော့ ခေါ်ပေးတယ်။
ဒါကြောင့် Voice Call ဆိုတဲ့ စာကြောင်းရှေ့မှာ အမှန်ခြစ်လေး ရွေ့ပေးလိုက်ပါ။
Country ဆိုတဲ့နေရာမှာတော့ မြန်မာနိုင်ငံကို ရွေးပါ။
Country ဆိုတဲ့နေရာမှာတော့ မြန်မာနိုင်ငံကို ရွေးပါ။
Phone number ရဲ့ အောက်အကွက်ထဲမှာတော့ ဂျီတော့အကောင့်လုပ်တဲ့ စာမျက်နှာမှာ ဘယ်ဖုန်းနံပါတ်ကို ထည့်ခဲ့ထည့်ခဲ့ ဒီမှာတော့ ကိုယ် ကိုင်ထားတဲ့ ဖုန်းနံပါတ်ကို ထည့်ပါ။
ကိုယ်ပိုင် မရှိလည်း ရှိတဲ့ သူငယ်ချင်းကို ကူခိုင်းပေါ့။(Voice Call ခေါ်ရင် နားထောင်ပြီး ပြောပါလို့ပေါ့။)
ကိုယ်ပိုင် မရှိလည်း ရှိတဲ့ သူငယ်ချင်းကို ကူခိုင်းပေါ့။(Voice Call ခေါ်ရင် နားထောင်ပြီး ပြောပါလို့ပေါ့။)
ဒါမှ Google က ဖုန်း ခေါ်တဲ့အခါမှာ ချက်ချင်းကိုင်လိုက်ပြီး သူ ပြောတာကို နားထောင်နိုင်မှာပါ။
ဖုန်းနံပါတ်ကို ထည့်ပြီးရင်တော့ အဲ့ဒီအောက်က ခလုပ်လေးကို နှိပ်ပါ။
နှိပ်လိုက်ရင် အောက်ကပုံလို ပေါ်လာမယ်။
မိမိဖုန်းကိုလည်း Voice Call ခေါ်လိမ့်မယ်။
Voice Call ခေါ်ရင် ကိုင်လိုက်ပေါ့နော်။
Voice Call ခေါ်အခါမှာ အသံက တိုးတယ်။
စပီကာ ဖွင့်ပြီး နားနဲ့ ကပ်ပြီး နားထောင်ပေါ့။
ကိုင်လိုက်တာနဲ့ ပွစိပွစိနဲ့ ဘာတွေ ပြောလည်း မသိဘူး။
ကျနော်တော့ ဘာမှ ပီပီပြင်ပြင် မကြားဘူး။
ပွစိပွစီ ပြောပြီးတာနဲ့ Verification Code ကို ပြောပြတယ်။
Verification Code ကို ၆ လုံး ရွတ်ပြတယ်။
နှစ်ခါရွတ်ပြတယ်။ ဒီတိုင်းမှတ်မိရင် ဒီတိုင်း လိုက်မှတ်ပေါ့။
မမှတ်နိုင်ရင် စာနဲ့ လိုက်ရေးပေါ့နော်။
Verification Code ကို ရပြီဆိုရင် Verification Code ဆိုတဲ့ စာကြောင်းအောက်မှာ
ထည့်ပြီး Verify ဆိုတာကို နှိပ်လိုက်ပါ။
ထည့်ပြီး Verify ဆိုတာကို နှိပ်လိုက်ပါ။

Verify ဆိုတာကို နှိပ်လိုက်ရင် အောက်ကပုံလို ပေါ်လာမယ်။

အပေါ်က ပုံလို ပေါ်လာပြီးရင် အောက်ကပုံလို ပေါ်လာမယ်။
အောက်ပုံလို ပေါ်လာရင်တော့ မိမိ လုပ်တဲ့အကောင့်သစ် အောင်မြင်ပါပြီ။
အောက်ပုံလို ပေါ်လာရင်တော့ မိမိ လုပ်တဲ့အကောင့်သစ် အောင်မြင်ပါပြီ။

ဖုန်းကတော့ မိမိ စမ်းကြည့်တာတော့ 5 သိန်း CDMA နဲ့ စမ်းတာပါ။
GSM တွေ၊ နှစ်သိန်းတွေ၊ ကြိုးဖုန်းတွေ ရ/မရဆိုတာ မစမ်းကြည့်ရသေးဘူး။
ရဖို့ များမှာပါ။ စမ်းကြည့်ပါ။ အရှုံး မရှိပါဘူးနော်။
မစမ်းကြည့်ရသေးလို့ တိကျ မပြောရဲတာပါ။
အခုလို ဖုန်းနံပါတ်နဲ့ လုပ်တာတော့ မြန်တယ်။
ဒါပေမယ့် ဖုန်းနံပါတ်တစ်ခုကို အကောင့်နှစ်ပဲ လုပ်လို့ ရတယ်။
တစ်ခါတည်း အများကြီး လုပ်ခွင့်မရဘူး။
ရက်တွေ ပြန်စောင့်ရတယ်။
ကိုယ်တွေ့ စမ်းကြည့်တာလေး အဆင်ပြေလို့ ဖော်ပြလိုက်တာပါ။
မှားယွင်းမှုပါရင် ဖြစ်စေ၊ မပြည့်စုံရင် ဖြစ်စေ နားလည်ပေးပါရန်...။

0 သူတို့ရေးသား အမှတ်တရစကား:
Post a Comment
((( ရင်ထဲက စကားလေး အမှတ်တရ ထားခဲ့နိုင်ပါတယ် )))