သေနည်းတွေ စုံလင်

ရေးသားသူ= ရှင်သန်


သေနည်းတွေ တစ်ပုံတစ်ပင်
စုံလင်တာ ဤလူ့ရွာ၌..
အပျော်လွန်လည်း သေရ
စိတ်ညစ်လွန်းလည်း သေကြ။

ရဲလွန်းလည်း သေမယ်
ကြောက်လွန်းလည်း သေတယ်
ရှက်လွန်းလို့လည်း သေဆဲ
မက်လွန်းလို့လည်း သေမြဲ။

သဘာဝဘေးကြောင့်လည်း သေမှာ
ဖန်းတီးမှုဘေးကြောင့်လည်း သေတာ
ဒေါသကြောင့်လည်း သေရ
သောကကြောင့်လည်း သေကြ။

အိုး အိုး အိုး..းးးးးး
သေနည်းတွေ ပြန့်ကျဲလွန်းပါလား
လှမ်းတာနဲ့ လဲမယ့် ရေညှိလမ်းတွေချည်း
ပြောင်းလဲကစားစရာ အကွက်ပျောက်လုနီးပါပဲ
တိုက်စစ်ကောင်းလည်း ခေါင်းမထောင်နိုင်ရာ
သူ့နယ်မှာ ကျွံ့မိပြီကိုး..။

တို့ကိုယ်တိုင်က အဆိပ်ချို မျိုမိတာ
တံတားအိုပေါ် လျှောက်မိတာ
လှောင်စာတွေကို သိုခဲ့တာ
ရာဇ၀တ်မှုတွေ ကျူးခဲ့တာ..။

ထောင်တံခါးက လက်တို့မခေါ်ပါ
တို့ကိုက ၀င်ခွင့်တောင်းမိတာ
အုန်းသီးက ခေါင်းပေါ် လာမကြွေရာ
တို့ကကို အပင်အောက် ရောက်မိတာ
မှားလို့ပဲ ပြောပြော ယောင်လို့ပဲ ဆိုဆို
ဒီပင်လယ်ကြော မျောဦးမှာ..။

လှမ်းအော်ကာ အကူတောင်းလည်း
ကမ်းခြေကို လွန်ခဲ့ပြီ.
ရမ်းရော်ကာ ဆုတောင်းလည်း
အချိန်ကောင်းတွေ နှောင်းခဲ့ပြီ..
ခေါင်းမဖော်သာ ခံရှာလေဦးတော့..။
ရှင်သန်
12.9.2012 11:30 PM ဗုဒ္ဓဟူး

2 သူတို့ရေးသား အမှတ်တရစကား:

မိုးခါး said...

ဟုတ်တယ်နော် .. မသေချင်လည်း သေ ..
နီးနီးလေးလား ဝေးသေးလား ... သြော် .. လူဖြစ်ရတဲ့ ဒုက္ခး)

မြတ်နိုးသူ said...

လှမ်းအော်ကာ အကူတောင်းလည်း
ကမ်းခြေကို လွန်ခဲ့ပြီ.
ရမ်းရော်ကာ ဆုတောင်းလည်း
အချိန်ကောင်းတွေ နှောင်းခဲ့ပြီ..
အားပေးဖတ်ရှုသွားပါတယ်

Post a Comment

((( ရင်ထဲက စကားလေး အမှတ်တရ ထားခဲ့နိုင်ပါတယ် )))

free counters
အမှတ်တရ စကားဂေဟာ

♣အမှတ်တမဲ့ ရေသွားပေမယ့်လည်း အမှတ်တရ ရင်မှာ ကျန်ရစ်နေမှာပါ♣