Win RAR နဲ့ ဖိုင်တွေကို သော့ခတ်နည်း
Win RAR ဆော့ဝဲ မရှိရင် ဒီမှာ ဒေါင်းလိုက်ပါ။

မိမိ Password ခံလိုသော(သော့ခတ်လိုသော) ဖိုင်အပေါ်မှာ 
ညာကလစ်ကို နှိပ်ပြီးတော့ Add to Archive... ကို နှိပ်ပါ။
 တက်လာသော Box ထဲက Advanced ကို နှိပ်ပြီး Set Password နှိပ်ပါ။
 Enter Password ဘောက်စ် တက်လာရင် 
Enter Password ဆိုတဲ့ စာကြောင်းအောက်မှာ 
မိမိ ထည့်လိုသော Password ကို ရေးထည့်ပါ။ 
reenter Password for verification ဆိုတဲ့ စာကြောင်းအောက်မှာလည်း 
အပေါ်မှာ ထည့်ခဲ့တဲ့ Password ကိုပဲ ထည့်ပါ။
Encrypt file names ဆိုတဲ့ စာကြောင်းရဲ့ ရှေ့မှာ အမှန်ခြစ်လေး ထည့်ပါ။
ပြီးရင်တော့ Ok တွေကို ဆက်နှိပ်သွားပါ။
 ပြီးသွားရင်တော့ အောက်ပုံမှာလို သောခတ်ထားသော မူဖိုင်နဲ့ သောခတ်ထားသော ဖိုင်ကို တွေ့ရပါမယ်။
သူများတွေ မကြည့်ချင်တဲ့ ဖိုင်တွေကို ဒီနည်းတိုင်းလေး သောခတ်ထားလိုက်ပေါ့။
စိုးရိမ်နေရတဲ့ ဒုက္ခ  နဲနဲ ကင်းသွားတာပေါ့။

0 သူတို့ရေးသား အမှတ်တရစကား:

Post a Comment

((( ရင်ထဲက စကားလေး အမှတ်တရ ထားခဲ့နိုင်ပါတယ် )))

free counters
အမှတ်တရ စကားဂေဟာ

♣အမှတ်တမဲ့ ရေသွားပေမယ့်လည်း အမှတ်တရ ရင်မှာ ကျန်ရစ်နေမှာပါ♣