ချစ်နှင်းဆီ

ရေးသားသူ= ရှင်သန်





 အလှမ်းဝေး နှင်းဆီလေး

လေပြေရဲ့ ဆောင်မမှုကြောင့်

သင်းရနံ့ကို နမ်းရှိုက်ရခဲ့တယ်။




 အနီရောင်နှင်းဆီလေ။

ပြတ်သားတယ်၊ ရဲရင့်တယ်

တည်ငြိမ်တယ်၊

သူ့ဘ၀ကို ယုံကြည်တယ်။

မှန်ကန်စွာ ထိန်းထားနိုင်တယ်။



 တစ်ပွင့်တည်း နှင်းဆီလေ

မွှေးအား ပြင်းတာပေါ့။

အလေ့ကျ နှင်းဆီးလေး

ဥယျဉ်မှူးလေး တွေ့ခဲ့တယ်။

အသုံးချရန် မဟုတ်ပါ။

သူ့ သဘာဝအလှ

ငေးနေကြည့်ရုံသာ။

မေတ္တာရေးအေးတော့

ဖွဖွမွမွ ပက်ဖျန်းပေးချင်တယ်။



 ရိုးသားလွန်းတဲ့ နှင်းဆီလေး

နုဥနေတဲ့ နှင်းဆီလေး

လေကြမ်း၊နေကြမ်း

လူကြမ်းတွေနဲ့ တွေ့မှာ စိုးမိတယ်။

ညင်သာတဲ့လက်ထဲ

သင်းပျံ့ပွင့်စေလိုတယ် နှင်းဆီလေးရယ်...။   ။

2 သူတို့ရေးသား အမှတ်တရစကား:

Unknown said...

ခံစားသွားပါတယ်ဗျာ...:)

roseayemaung said...

အားပေးခဲ့တယ်...ဒီကဗျာလေးကိုကြိုက်လို့..

Post a Comment

((( ရင်ထဲက စကားလေး အမှတ်တရ ထားခဲ့နိုင်ပါတယ် )))

free counters
အမှတ်တရ စကားဂေဟာ

♣အမှတ်တမဲ့ ရေသွားပေမယ့်လည်း အမှတ်တရ ရင်မှာ ကျန်ရစ်နေမှာပါ♣