လောကကြီးအတွက်
ပုတ်သင်ညိုတစ်ကောင်ပါ။
အားလုံးကို ဦးတိုက်လျက်.
လေးစားလျက်ပါ။
ဘာမှ မရှိ အခန်းကျဉ်းထဲ
အနက်ရောင်မဲ့ လေရှူသံနဲ့
ခရီးဆက်ချင်ပါ့။
ကောင်းကင်လည်း မော်ကြည့်
မြေပြင်လည်း ငုံ့ကြည့်ရင်းပေါ့.။
ပန်းတိုင်း မွှေးချင်လောက်ရဲ့၊
ရနံ့ကင်းလည်း
လေးစားဆဲပါ။
ပန်းဆိုတဲ့ ဂုဏ်
အာရုံပြုလျက်ပေါ့။
ခပ်သိမ်းတိုင်းမှာ
ဂုဏ်ရှိစွ။
လူသားတိုင်းမှာ
လေးစားစိတ် ရှိဖို့ လိုအပ်လှ။
ပြုပြင်ဆဲနှလုံးသားနဲ့ပေါ့။
ပုတ်သင်ညိုတစ်ကောင်ပါ။
အားလုံးကို ဦးတိုက်လျက်.
လေးစားလျက်ပါ။
ဘာမှ မရှိ အခန်းကျဉ်းထဲ
အနက်ရောင်မဲ့ လေရှူသံနဲ့
ခရီးဆက်ချင်ပါ့။
ကောင်းကင်လည်း မော်ကြည့်
မြေပြင်လည်း ငုံ့ကြည့်ရင်းပေါ့.။
ပန်းတိုင်း မွှေးချင်လောက်ရဲ့၊
ရနံ့ကင်းလည်း
လေးစားဆဲပါ။
ပန်းဆိုတဲ့ ဂုဏ်
အာရုံပြုလျက်ပေါ့။
ခပ်သိမ်းတိုင်းမှာ
ဂုဏ်ရှိစွ။
လူသားတိုင်းမှာ
လေးစားစိတ် ရှိဖို့ လိုအပ်လှ။
ပြုပြင်ဆဲနှလုံးသားနဲ့ပေါ့။

0 သူတို့ရေးသား အမှတ်တရစကား:
Post a Comment
((( ရင်ထဲက စကားလေး အမှတ်တရ ထားခဲ့နိုင်ပါတယ် )))