မိမိတို့ရဲ့ ဘုရာရှင်၏ သီတင်းသုံးကာ သာသနာပြုခဲ့သော နေရာများကို တစ်ဦးတစ်ယောက်က မေးမြန်းခဲ့သော် လွယ်ကူစွာ ပြန်လည်ဖြေကြာနိုင်ဖို့ စွမ်းနိုင်သလောက် မှတ်သားထားပါဟု တိုက်တွန်းပါရစေ..။ ၀ါတော် ၄၅ ၀ါကို BC ခုနှစ်လေးနဲ့ပါ ဖော်ပြထားတဲ့ ဇယားလေးပါ။ မှတ်းသားထိုက်ပါသည်။
BC- ခုနှစ် | ၀ါတော်စဉ် | ၀ါတော်ပေါင်း | ၀ါဆိုသီတင်းသုံးတော်မူရာဌာန |
BC-589 | ၁ | ၁ | ဗာရာဏသီပြည်၊ မိဂဒါဝုန်တော |
BC-588 | ၂ မှ ၄ | ၃ | ရာဇဂြိုလ်ပြည်၊ ဝေဠုဝန်ကျောင်း |
BC-585 | ၅ | ၁ | ဝေသာလီပြည်၊မဟာဝုန်တော၊ကုဋာဂါရသာလာ |
BC-584 | ၆ | ၁ | မကုလတောင် |
BC-583 | ၇ | ၁ | တာဝတိံသာနတ်ပြည် |
BC-582 | ၈ | ၁ | သံသုမာရဂီရိမြို့ |
BC-581 | ၉ | ၁ | ကောသမ္ဗီပြည်၊ဃောသိတာရုံကျောင်း |
BC-580 | ၁၀ | ၁ | ပလလဲတော |
BC-579 | ၁၁ | ၁ | နာဠာပုဏ္ဏားရွာ |
BC-578 | ၁၂ | ၁ | ဝေရဉ္ဇာပြည် |
BC-577 | ၁၃ | ၁ | စာလိယတောင် |
BC-576 | ၁၄ | ၁ | သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်း |
BC-575 | ၁၅ | ၁ | ကပိလ၀တ်ပြည်၊နိဂြောဓါရုံကျောင်း |
BC-574 | ၁၆ | ၁ | အာဠ၀ီပြည် |
BC-573 | ၁၇ | ၁ | ရာဇဂြိုလ်ပြည် |
BC-572/1 | ၁၈ မှ ၁၉ | ၂ | စာလိယတောင် |
BC-570 | ၂၀ | ၁ | ရာဇဂြိုလ်ပြည် |
BC-569-545 | ၂၁ -၄၄ | ၁၈ | သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်း |
၆ | သာဝတ္ထိပြည်၊ ပုဗ္ဗာရုံကျောင်း | ||
BC-544 | ၄၅ | ၁ ပေါင်း ၄၅ ၀ါ | ဝေသာလီပြည်၊ ဝေဠုဝရွာ |
ကျမ်းညွှန်း= အင်္ဂုတ္တရ အဋ္ဌကထာ(ဒုတိယအုပ်)
ဓမ္မပဒ အဋ္ဌကထာ (ပထမအုပ်)
မဟာစည်ဆရာတော်ဘုရား၏ ၀ါဆိုစဉ်လင်္ကာတို့ကို မှီငြမ်းပါသည်။
ဥရောပယောဂီ၏ ကိုယ်တွေ့ ၀ိပဿနာ(ဒုတိယပိုင်း) စာအုပ်မှ ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။

1 သူတို့ရေးသား အမှတ်တရစကား:
မြတ်စွာဘုရားရဲ့ ၀ါတော်အလိုက် သီတင်းသုံးတဲ့နေရာလေးတွေကို ဘီစီ ခုနှစ်အလိုက်ဖော်ပြပေးလို့ ကျေးဇူးပါ....မှတ်ရလည်း လွယ်သွားတာပေါ့....
Post a Comment
((( ရင်ထဲက စကားလေး အမှတ်တရ ထားခဲ့နိုင်ပါတယ် )))