ဝဿန်ရောက်တိုင်း မျက်ရည်ဝိုင်းသည်
ဟိုတိတ်ချိန်ခါ ပျော်ခဲ့တာကို
ရင်မှာ ဆွေး၍ လွမ်းမိသည်။
ရင်ခွင့်အကြား တိုးဝှေ့ထားလို့
ကြင်နာများစွာ ရခဲ့သည်။
ကိုယ်လေးမှီကာ ချိုသာစကား
နွဲ့ငင်ကြားခဲ့။
နေရာစုံစွာ လျှောက်လည်ကာ
ပျော်ရွှင်စွာဖြင့် နေခဲ့သည်။
စမ်းရေအနမ်း ပက်ကာဖြန်း
ချမ်းအေးခဲ့ရသည်။
ချစ်သူရယ်..
ချစ်ပုံရိပ်တွေက
စိတ်အစဉ်မှာတောင် မှုံဝါးဝါးနဲ့။
ဝေးရက်တွေက
တစ်ရက်မက နှစ်လကြာခဲ့တာကိုး။
ငါလေ..
မင်းတစ်ယောက်ကိုပဲ
အမွှေးဆုံးပန်း ထင်ကာ
လွမ်းဆွတ်တမ်းတဆဲပဲ။
အချစ်ထပ် လွမ်းကြိုးပြတ်အောင်
လွမ်းစိတ်ဝေဖြာ အပြေးလာလေ။
ထားရစ်ခဲ့ပါ ဝေးနေရာက
မျက်ရည်ဖြိုးအီ လွမ်းသူဆီသို့…။
(2.8.2011)

0 သူတို့ရေးသား အမှတ်တရစကား:
Post a Comment
((( ရင်ထဲက စကားလေး အမှတ်တရ ထားခဲ့နိုင်ပါတယ် )))