မောင့်ရဲ့ ချစ်ဦး လွမ်းသူမေရေ
ပြန်လာတော့လေ မောင့်ရင်ခွင့်ဆီ
ချစ်သူမေ့တွက် ပန်တော်ဆက်ဖို့
မောင့်သည်းပန်းလေး ပွင့်နေပြီ
မွှေးရနံတို့ အလီလီ
ဆင်းအလှတို့ စုံစုံညီ
မောင်ရှိရာသို့ မျှော်တော်ချီ…၊
မေ့နေတာလား အသစ်တွေ့လား
မောင့်ကို ပစ်ထား အဝေးမှာ၊
ချစ်ကြီးလွန်းသူ ရွှေရင်ပူတယ်
နေစိမ့်သူက သွေးအေးလှ
သစ္စာရေးမွှေး ဖြန်းနေနော်
မောင့်ချစ်စိတ်တို့ ယုံကြည်အောင်၊
အချစ်အိမ်လေး တည်ဆောက်ကြမယ်
မေ့နှုတ်ဖျားက တဖွားဖွား၊
မေ့ရွှေစကား မမေ့အားတယ်
လွမ်းဆွေးရက်တို့ လွန်ကြာရှည်
ချစ်လွန်းလှတယ် သည်းဦးညှာရယ်
မောင့်ရင်ခွင်က အဖော်ကွာ
မေ့ကို တ လို့ အထီးကျန်ရှာ
ပြန်လာတော့ကွာ လွမ်းလို့ပါ
မောင့်ရဲ့ချစ်ဦး လွမ်းသူရာ…။ ။
26.7.2011

0 သူတို့ရေးသား အမှတ်တရစကား:
Post a Comment
((( ရင်ထဲက စကားလေး အမှတ်တရ ထားခဲ့နိုင်ပါတယ် )))