ဖူးမ၀တဲ့ နှလုံးသား

ရေးသားသူ= ရှင်သန်

အကြင်နာတွေ ပေး
မေတ္တာတွေအေးစေလို့
မင်းလေးဟာ
ကိုယ့်ဘ၀ရှေ့ရေးအတွက်
အနာဂတ် အမြင်လွှာလေး တစ်ခုပါ။

ကိုယ့်အတွက်
သာယာတဲ့ အသံ
မာယာမဲ့ ရုပ်ဟန်တွေနဲ့
ဆက်ချစ်ဖို့ အနေမှန်ခဲ့တာကြောင့်
မင်းလေးဟာ
လှပတဲ့ ပန်းချီတစ်ချပ်အဖြစ်
ကြွင်းကျန်ရစ်မှာပါ။

ဒီလိုသာ
ကိုယ့်အတွက်
မြူးကြွတဲ့ အပြုံးများစွာနဲ့
ထူးလှတဲ့ မင်းနှလုံးသာကို
ဖူးမ၀အောင် ရှိနေမှာပါ။

၉.၄.၂၀၁၂

1 သူတို့ရေးသား အမှတ်တရစကား:

Unknown said...

စာသားတွေကတော့ လန်းတယ်ဗျာ...:)

Post a Comment

((( ရင်ထဲက စကားလေး အမှတ်တရ ထားခဲ့နိုင်ပါတယ် )))

free counters
အမှတ်တရ စကားဂေဟာ

♣အမှတ်တမဲ့ ရေသွားပေမယ့်လည်း အမှတ်တရ ရင်မှာ ကျန်ရစ်နေမှာပါ♣