ဆန္ဒ

ရေးသားသူ= ရှင်သန်

တစ်နေ့
မင်း တံခါးဝ
ငါ လာခေါက်မယ်။
မင်း တံခါးဝ
အိပ်မောကြလည်း
နိုးကြားချိန်ထိ
ငါ စောင့်မယ်..။

တစ်နေ့
မင်းရဲ့ ရင်ခွင်
ငါ ပြေးဝင်မယ်..
မင်းရဲ့ ရင်ခွင်
ခရီးနှင်လည်း
မောပန်းချိန်ထိ
ငါ စောင့်မယ်..။

တစ်နေ့
မင်းရဲ့ ကိုယ်ငွေ့
ငါ ထိတွေ့မယ်..
မင်းရဲ့ ကိုယ့်ငွေ့
ငါ့ကို မေ့လည်း
တမ်းတချိန်ထိ
ငါ စောင့်မယ်..။

တစ်နေ့
မင်းရဲ့ မေတ္တာ
ငါ မျှယူမယ်..
မင်းရဲ့ မေတ္တာ
ခြေက်သွေ့ပါလည်း
စိမ်းလန်းချိန်ထိ
ငါ စောင့်မယ်..။

မင်းရဲ့ ရင်ခွင်
တွန်းအားပြင်လည်း
သံလိုက်စွမ်းအင်
ငါ ဖြစ်ချင်တယ်..။

မင်းရဲ့ နယ်မြေ
ဥပေက္ခာရပ်ဝန်း
ကန္တာရလွင်ပြင်မှာ
မေတ္တာရွှေမိုး
ရွာသွန်းဖြိုးမယ်.
ကမ္ဘာဆုံး ပြေးလည်း
ငါ လိုက်မယ်..။


4.4.2012 ဗုဒ္ဓဟူး

3 သူတို့ရေးသား အမှတ်တရစကား:

Unknown said...

ခံစားချက်ကတော့ ပြင်းတယ်နော်....:)
အားပေးသွားပါတယ်ဗျာ....

စံပယ်ချို said...

ဆန္ဒ
တဲ့လား-----
အဲဒီတံခါးပေါက် jasmine လာခေါက်သွားတယ်နော်

လွင်ပြင်လှိုင်းငယ် said...

ခံစားအားပေးသွားပါတယ်

Post a Comment

((( ရင်ထဲက စကားလေး အမှတ်တရ ထားခဲ့နိုင်ပါတယ် )))

free counters
အမှတ်တရ စကားဂေဟာ

♣အမှတ်တမဲ့ ရေသွားပေမယ့်လည်း အမှတ်တရ ရင်မှာ ကျန်ရစ်နေမှာပါ♣