
မိုင်ပေါင်းထောင်ချီ
ဝေးကွာနေသော်လည်း…..
ချစ်သူကို သတိရလိုက်သည့်အခါ
နွေးထွေးနီးကပ်
ရင်ချင်းအပ် မှေးစက်နေရသည့်ပမာ…။
နာရီပေါင်း အနန္တ
ကြာညောင်းလှစွာ
ခွဲခွါနေရသည်ဖြစ်လျက်…
ချစ်ရသူကို အမှတ်ရလိုက်သည့်အခါ
အတူတကွပျော်မြူးနေရသည့်သဖွယ်….။
စံပယ်နံ့လွှမ်းတဲ့ အနမ်းတွေကို
မနမ်းရှိုက်ရတာ ကြာပြီဖြစ်လျက်………
အတိတ်ပုံရိပ် အောင့်မေ့လိုက်သည့်အခါ
ပါး ချင်းအပ် နမ်းရှိုက်နေရသည့်အနှယ်…..။
မေ့ပျောက်အောင်
ချစ်သူမျက်နှာ မမြင်ရတာကြာပေမယ့်…
အဆွေးများနဲ့ တွေးကြည့်လိုက်သည့်အခါ
ကောင်းကင်ပမာ ထင်ရှားနေဆဲ....။
အချစ်ရယ်………
ဘယ်လိုပင် ကြာကြာ…
ဘယ်လောက်ပင် ဝေးဝေး……
အလွမ်းမိုးတို့ကတော့ ရွာသွန်းဆဲ…
အမှတ်ရမှုပန်းနုတို့ကတော့
ဖူးပွင့်မြဲပါ……… အချစ်ရယ်….။

0 သူတို့ရေးသား အမှတ်တရစကား:
Post a Comment
((( ရင်ထဲက စကားလေး အမှတ်တရ ထားခဲ့နိုင်ပါတယ် )))