
ဆောင်းနှင်းလွန်မြောက်
နွေလွန်မြောက်
မိုးဦးရောက်တော့မယ်
မိုးဦးရောက်ရင်
ကြောက်စိတ်ဝင်သည်
ဝမ်းနည်းခြင်းလည်း အဖော်ပါ...။ ။
သန်းခေါင်းညဥ့်နက်
ဆိုးအိပ်မက်
နာဂစ်မက်တာ မိုးဦးည..။
လမ်း တံတား ဖျက်
အိုး အိမ် ပျက်
ရက်စက်ခဲ့တာ မိုးဦးည..။
တောင် ကမ်းပါး ဖြို
စီးပွား ပြို
ငိုခဲ့ရတာ မိုးဦးည..။
အသက်ပေါင်းများစွာ
ကြင်နာကွာ
ဝါးမျိုပစ်တာ မိုးဦးည..။
လူသားများစွာ
ဝေးဆုံးမှာ
ခွဲခွါရတာ မိုးဦးည..။
အငိုမျက်ရည်
ပင်လယ်ဝေ
ဖြစ်စေခဲ့တာ မိုးဦးည..။
မိုးဦးရယ်.. ...
ဒဏ်ရာဟောင်းမှ မပျောက်သေး
ဒဏ်ရာသစ်တွေ ပေးဦးမှာလား?
မျက်ရည်ဟောင်းမှ မပျောက်သေး
မျက်ရည်သစ်တွေ ပေးဦးမှာလား?
ငိုသံဟောင်းမှ မပျောက်သေး
ငိုသံသစ်တွေ ပေးဦးမှာလား?
ဒုက္ခဟောင်းမှ မပျောက်သေး
ဒုက္ခသစ်တွေ ပေးဦးမှာလား?
မိုး.. မိုး.. မိုးဦးရယ်...
သနားစာနာ ငဲ့ညှာပါဦး..
ချစ်ခြင်းများစွာ လျော့ပါးတော့မှာလား?
ထာဝစဉ် ရက်စက်ခဲ့တာ
ဒီတစ်ခါ ကြင်နာလှည့်ဦးလေ
နှစ်စဉ်တစ်စိုက် ငိုရှိုက်ရတာ
ဒီတစ်လှည့် ပျော်ခွင့်ပေးဦးလေ
မိုးဦး ကြိမ်စာ
ဝေးကွာပါစေ...
မိုးဦး မေတ္တာ
ဒို့ ရပါစေ.။။
14.3.2012

4 သူတို့ရေးသား အမှတ်တရစကား:
မိုးဦးရယ်.. ...
ဒဏ်ရာဟောင်းမှ မပျောက်သေး
ဒဏ်ရာသစ်တွေ ပေးဦးမှာလား?
မျက်ရည်ဟောင်းမှ မပျောက်သေး
မျက်ရည်သစ်တွေ ပေးဦးမှာလား?
ကဗျာလေးက ပီပြင်တယ်နော်
ခင်တဲ့ 
မိုးသူ(တောင်ကြီး)
ကဗျာကောင်းလေးကိုရင်ဘတ်နဲ့ဖတ်ခဲ့ပါတယ်
မိုးဦး ကြိမ်စာ
ဝေးကွာပါစေ...
မိုးဦး မေတ္တာ
ဒို့ ရပါစေ-----
မိုးဦးရယ်
ကိုယ့်ညီလေးဆီကိုပြန်လာခဲ့ပါကွာ
မျက်ရည်ဟောင်းမှ မပျောက်သေး
မျက်ရည်သစ်တွေ ပေးဦးမှာလား?
ငိုသံဟောင်းမှ မပျောက်သေး
ငိုသံသစ်တွေ ပေးဦးမှာလား?စာသားလေးကိုကြိုက်နှစ်သက်သွားခဲ့ပါတယ်..
Post a Comment
((( ရင်ထဲက စကားလေး အမှတ်တရ ထားခဲ့နိုင်ပါတယ် )))