ဆင်းရဲလှစွာ သံသရာ
ခါခါကျင်လည်ခဲ့ရသည်။
ခါခါကျင်လည်ခဲ့ရသည်။
တိရစ္ဆာန်လို မွေးသေငို
နေလိုထွက်၍ ၀င်သည်။
လူလိုမွေး၍ သေဘေးတွေ့
တစ်ကွေ့မက ကြုံခဲ့သည်။
နတ်လိုမွေးလိုက် သေဆုံးလိုက်
အမိုက်မှောင်တွေ ဖုံးခဲ့သည်။
ဗြဟ္မာလိုမွေး သေဆုံးဘေး
မနှေးထပ်ခါ တွေ့ခဲ့သည်။
သားမယားကျွန် တဏှာကျွန်
မာယာနွံတော မျောခဲ့သည်။
မသိအ၀ိဇ္ဇာ ဦးဆောင်ကာ
အမှားခါခါ ပြုခဲ့သည်။
အမှားရှည်စွာ ဖြစ်နေတာကို
လျင်စွာမနား မြစ်ပယ်တား၍
ရထားပမာ သံသရာမှာ
မွေးကာတစ်လှည့် သေတစ်လှည့်ဖြင့်
မတင့်မတယ် သံသာလယ်တွင်
ကျင်လည်ရမှု ဒုက္ခစုမှ
အခုချိန်သာ လွတ်လိုပါ၍
မြတ်ဝါသင်္ကန်း ၀တ်ဆင်မြန်းသည်
နန်းနိဗ္ဗူမှာ ငြိမ်းပါစေ.....။ ။
26.2.2012 တနင်္ဂနွေ

1 သူတို့ရေးသား အမှတ်တရစကား:
မှတ်သားသွားပါတယ်..
Post a Comment
((( ရင်ထဲက စကားလေး အမှတ်တရ ထားခဲ့နိုင်ပါတယ် )))