ပပဉ္စတရား(၆)ပါး

ရေးသားသူ= ရှင်သန်

ပပဉ္စတရား(၆)ပါး
ပပဉ္စတရားတို့၏ အကြောင်းများ
ပရပဉ္စတရားတို့ကို ပယ်ကြောင်းတရားများ
(၁) လောဘ
သုဘသညာ
အသုဘသညာ
(၂) ဒေါသ
အာဃာတ၀တ္ထု(၁၀)ပါး
မေတ္တာ
(၃) မောဟ
အာသ၀တရားများ
ပညာ(၀ိပဿနာပညာ)
(၄) တဏှာ
ဝေဒနာ
သမထ(ကာယာနုပဿနာ)
(၅) ဒိဋ္ဌ
သညာ
အနတ္တသညာ
(၆) မာန
ဝိတက်
အာနာပနဿတိ
 
မိမိဖြစ်ပေါ်ရာ သတ္တ၀ါတို့ကို သံသရာဝဲသြဃမှာ ရှည်လျားစွာ မျောနေအောင် ဆွဲဆန့်တတ်၊ ချဲ့ထွင်တတ်သောကြောင့်လောဘစသောတရား(၆)ပါးကို ပပဉ္စဟု ခေါ်သည်။

(၁)ရုပ်၊နာမ်ဓမ္မသင်္ခါရတွေကို သာယာဖွယ်ဟု မှတ်ထင်သော သုဘသညာ မိမိသန္တာန်မှာ ဖြစ်ပေါ်ခဲ့သော လောဘတရားက၀င်ရောက်လာပြီး မိမိသံသရာကို ရှည်လျားအောင် ဆွဲဆန့်၊ ချဲ့ထွင်ပါတော့သည်။ ရုပ်၊နာမ်ဓမ္မသင်္ခါရတွေဟာ သာယာဖွယ်မဟုတ်ဟု သိမြင်သော အသုဘသညာကို ပွားများပြီး ထိုလောဘပပဉ္စတရားကို  ပယ်ရပါသည်။
               (၂)ရန်ငြှိုးဖွဲ့စရာအကြောင်းတရားတွေဖြစ်ပေါ် ကြုံကြိုက်ခဲ့သော် ဒေါသတရားက မိမိသံသရာကို ရှည်လျားအောင် ဆွဲဆန့်၊ ချဲ့ထွင်ပါတော့သည်။မေတ္တာဘာဝနာကို ပွားများပြီး ထိုဒေါသပပဉ္စတရားကို ပယ်ရပါသည်။
              (၃)ကာမာသ၀စသောအာသဝေါတရားများ ဖြစ်ပေါ်လာခဲ့သော်မောဟတရားက မိမိသံသရာကို ရှည်လျားအောင် ဆွဲဆန့်၊ ချဲ့ထွင်ပါတော့သည်။ ရုပ်နာမ်တို့ကိုအနိစ္စ၊ ဒုက္ခ၊ အနတ္တဟု သိမြင်သော ၀ိပဿနာဘာဝနာကို ပွားများပြီး ထိုမောဟပပဉ္စတရားကို ပယ်ရပါသည်။
            (၄)ကောင်းမွန်သော အာရုံတို့နှင့် ပတ်သက်ပြီးခံစားမှုဝေဒနာ ဖြစ်ခဲ့သော် တဏှာတရားက မိမိသံသရာကို ရှည်လျားအောင် ဆွဲဆန့်၊ ချဲ့ထွင်ပါတော့သည်။ကာယနုပဿနာအစဖြာသော သမထဘာဝနာကို ပွားများပြီး ထိုတဏှာပပဉ္စတရားကို ပယ်ရပါသည်။
           (၅)အမျိုးမျိုးသော အာရုံတို့နှင့် ပတ်သက်ပြီးမှတ်သားမှုသညာ ဖြစ်ခဲ့သော် မိစ္ဆာဒိဋ္ဌိတရားက မိမိသံသရာကို ရှည်လျားအောင် ဆွဲဆန့်၊ ချဲ့ထွင်ပါတော့သည်။ရုပ်နာမ်တရားတွေဟာကိုယ့်အလိုကျ မဖြစ်၊အနှစ်သာရမရှိဟုသိမြင်သော အနတ္တဘာဝနာကို ပွားများပြီး ထိုမိစ္ဆာဒိဋ္ဌိပပဉ္စတရားကိုပယ်ရပါသည်။
        (၆)အာရုံးမျိုးစုံနှင့် ပတ်သက်ပြီး ကြံစည်စဉ်းစားတွေးခေါ်မှုဝိတက်တွေ များပြားစွာ ဖြစ်ပေါ်နေသော် မာနတရားက မိမိသံသရာကို ရှည်လျားအောင် ဆွဲဆန့်၊ချဲ့ထွင်ပါတော့သည်။  မိမိရဲ့ ၀င်လေ၊ ထွက်လေကိုသိ၊ သိ ပေးခြင်းဟုဆိုသော အာနာပါနဿတိဘာဝနာကို ပွားများပြီး ထိုမာနပပဉ္စတရားကို ပယ်ရပါသည်။

ကျမ်းကိုး။ ။ ဥဒါန်းအဋ္ဌကထာ၊၃၃၈

8.1.2012 တနင်္ဂနွေ

1 သူတို့ရေးသား အမှတ်တရစကား:

Unknown said...

ကျေးဇူးပါဗျာ...
အရမ်းကို အဖိုးတန်တဲ့ဘာသာရေးဗဟုသုတလေးတွေပါ...
မှတ်သားသွားပါတယ်....

Post a Comment

((( ရင်ထဲက စကားလေး အမှတ်တရ ထားခဲ့နိုင်ပါတယ် )))

free counters
အမှတ်တရ စကားဂေဟာ

♣အမှတ်တမဲ့ ရေသွားပေမယ့်လည်း အမှတ်တရ ရင်မှာ ကျန်ရစ်နေမှာပါ♣