လမ်းဆိုး

ရေးသားသူ= ရှင်သန်

ဆိုးမှန်းသိလျက်နဲ့
ဟန်ဆောင်ထားတဲ့ ပန်းခင်းလမ်း
အင်းအားတို့ လောင်းကာ
ဆက်လှမ်းနေဆဲ
ကျေးငှက်တွေက သီကျူးမြဲ
ရလာဘ်ဆိုးတွေ စောင့်ကြိုမြဲ။

လမ်းရဲ့ အပြစ်တော့ မဟုတ်
အပြစ်အစစ်က
ဦးတည်လျှောက်လှမ်းတဲ့
ငါ့ရဲ့ခြေလှမ်း
ငါ့ရဲ့စိတ်အစဉ်လေ။
အလင်းတွေ ထွန်းနေလျက်
အမှောင်ထဲ ဖြဲဝင်မိတဲ့ ငါ..။

ခိုင်းသူလည်း မရှိ
အမုန်းတွေ အတိရှိတဲ့ ဒီလမ်း
နှင်းတွေ ဝေတဲ့အခိုက်
အမိုက်စာရင်း သွင်းကာ
အထပ်ထပ် သွားခဲ့မိတယ်
တစ်ကိုယ်တည်းပေါ့။

အို ခရီးသွားတို့ရေ
မဖြတ်သန်းနဲ့တော့ ဒီလမ်း
အဆင်းလေး လှလျက်
ရနံ့ဆိုး လှိုင်တဲ့ ပန်းမို့ပါ
အပြောချိုလျက်
လုပ်ရပ်ဆိုး ခိုကိုးနေတဲ့ ပန်းမို့ပါ
ခပ်လှမ်းလှမ်းက ရှောင်ကြမယ်….။

0 သူတို့ရေးသား အမှတ်တရစကား:

Post a Comment

((( ရင်ထဲက စကားလေး အမှတ်တရ ထားခဲ့နိုင်ပါတယ် )))

free counters
အမှတ်တရ စကားဂေဟာ

♣အမှတ်တမဲ့ ရေသွားပေမယ့်လည်း အမှတ်တရ ရင်မှာ ကျန်ရစ်နေမှာပါ♣