ကောင်းကင်စိတ်ကူး

ရေးသားသူ= ရှင်သန်

င့ါရဲ့ စိတ်
င့ါရဲ့ အတွေး
င့ါနှလုံးသားတို့
လောင်းရိပ်တွေအောက်
ဝင်ရောက် မနားခိုဘူး။
လေဟာပြင်ထဲ
အတွယ်မဲ့ လွှတ်ထားဆဲ..။

အစဉ်တိုင်း စီးနေတဲ့
ရေကြောရဲ့ ဟိုး..တစ်ဘက်
ခပ်သွက်သွက် လျှောက်လှမ်းမည်။
ရေစုန်ထဲ မနစ်မျောနိုင်..။

ကိုယ်ပိုင် ဘဝ
ကိုယ်ပိုင် အတွေးနဲ့
လွတ်လပ် အေးဆေး
လွှတ်ထားပေးမယ်
ကောင်းကင်ကျယ်ထဲမှာ..။

င့ါရဲ့ စိတ်ကူး
အစဉ်လာအောက်
မကျရောက်စေရ
မိဘလက်ထဲ မဖြန့်ကျဲနိုင်
အမှန်တရား ရှေ့တော်သာ
မော်မကြည့်ရဲအောင်
ဝပ်တွားစေမည်..။

8.10.2010

0 သူတို့ရေးသား အမှတ်တရစကား:

Post a Comment

((( ရင်ထဲက စကားလေး အမှတ်တရ ထားခဲ့နိုင်ပါတယ် )))

free counters
အမှတ်တရ စကားဂေဟာ

♣အမှတ်တမဲ့ ရေသွားပေမယ့်လည်း အမှတ်တရ ရင်မှာ ကျန်ရစ်နေမှာပါ♣