လောကဓံဆိုတာ
ပျားသကာလို မချိုမြ
ဖဲမွေ့ယာလို မနူးညံ့
ဆေးရွက်ကြီးလိုပဲ ခါးသီးတယ်
စစ်တလင်းလိုပဲ ကြမ်းတမ်းတယ်..။
အသက်ရှူသလို မလွယ်
မြင့်မားတောင်တက် ခက်သလိုသာ
ခြင်္သေ့ပမာ တစ်ကောင်သာ
ရောက်လာမှာလည်း မဟုတ်ရ
မြေခွေးလို အုပ်စုလိုက်လာမှာ..။
သူတော်စင်လို မပျော့ပြောင်း
အသားစား ဘီလူးလိုပဲ တင်းမာတယ်
အခွင့်ရေးလို တစ်ကြိမ်တည်း မလာ
ဒီလှိုင်းတွေလို မျိုးစုံသာ
ချစ်သူလို အရှုံးမပေးရ
ရန်သူပမာ တိုက်ရမှာ
တစ်ကြိမ်တည်းနဲ့ မနိုင်သာ
မြှားချက်များစွာ ပစ်ရမှာ..။ ။

0 သူတို့ရေးသား အမှတ်တရစကား:
Post a Comment
((( ရင်ထဲက စကားလေး အမှတ်တရ ထားခဲ့နိုင်ပါတယ် )))