မျှဝေခြင်းအကြင်နာ

ရေးသားသူ= ရှင်သန်

အမယ်စုံ စားဖွယ်
ပွဲတည်နိုင်တဲ့ ငါတို့
ထမင်းကြမ်းမျှ မစားရ
ဝမ်းဗလာနေရှာသူတို့အတွက်
ဘာလုပ်ပေးကြမလဲ?။

နိုင်ငံရပ်ခြားထိ
ဆေးကုထွက်နိုင်တဲ့ ငါတို့
ဆေးဖိုး မနိုင်ရှာလို့
အသက်ဆုံးပါးသွားရှာသူတို့ အတွက်
ဘာလုပ်ပေးကြမလဲ?။

နတ်နန်းတမျှ ထည်ဝါ
အိမ်ဂေဟာမှာနေတဲ့ ငါတို့
လမ်းဘေး ပလက်ဖောင်း
ခေါင်းတင် အိပ်ရရှာသူတို့အတွက်
ဘာလုပ်ပေးကြမလဲ?။

မလိုအပ်ဘဲ ငွေဖြုန်း
မကောင်းမှုတွေ
ငွေပေးဝယ်နေတဲ့ ငါတို့
အရှက်ကို ဖယ်ရှား
အများအလယ် မျက်နှာငယ်စွာ
တောင်းရရှာသူတို့အတွက်
ဘာလုပ်ပေးကြမလဲ?။

ဘွဲ့ဒီဂရီမျိုးစုံ
ခုံမင်စွာ ယူနိုင်တဲ့ ငါတို့
ကိုယ့် အမည်မျှ
မရေးချနိုင်သူတို့အတွက်
ဘာလုပ်ပေးကြမလဲ?။

ကမ္မဿကာလို့ ဆိုမလား?
ငါ့လို ကြိုးစားလို့ ပြောမလား?
အတ္တ မြေခွေးပဲ ခွ စီးမလား?
မျှဝေခြင်း အကြင်နာ ပေးမလား?? ? ?....။

0 သူတို့ရေးသား အမှတ်တရစကား:

Post a Comment

((( ရင်ထဲက စကားလေး အမှတ်တရ ထားခဲ့နိုင်ပါတယ် )))

free counters
အမှတ်တရ စကားဂေဟာ

♣အမှတ်တမဲ့ ရေသွားပေမယ့်လည်း အမှတ်တရ ရင်မှာ ကျန်ရစ်နေမှာပါ♣