အားငယ်နေသော နှလုံးသားနဲ့
ရေးဖွဲ့ထားသော စာကို ဖတ်လိုက်ရတော့
သားရဲ့ နှလုံးသာလည်း
အမေ့ရဲ့ နှလုံးသားနဲ့
တစ်သားတည်း ဖြစ်ခဲ့ရပါတယ်အမေ.။
အမေရယ်..
ပန်းမျိုးစုံကို
အမြတ်တနိုး ပြုစုတဲ့
ဥယျဉ်မှူးကဲ့သို့
အမေ့ကို စောင့်ရှောက်ချင်စိတ်
သားရင်မှာ လျှံတက်နေပါတယ် အမေ။
ကောင်းကင်မှာ
တည်ငြိမ်အေးချမ်းစွာ
လင်းလက်နေတဲ့ လမင်းကြီးလို
လေပြည်ညှင်းနဲ့ လက်တွဲကာ ပျော်ရွှင်နေတဲ့
ပင်ထပ်ဖျားက ပန်းပွင့်ငယ်လို
အမေ့ရဲ့ ဘ၀ကို
ဖူးမြင်ချင်သော ဆန္ဒ
စိတ်အစဉ်မှာ
ပြင်းထန်နေပါပြီအမေ။
အမေရယ်..
မလိမ်ရက်ပါဘူး။
အပြာရောင်ကောင်းကင်ကြီးက အသိပါတယ်။
မညာရဲပါဘူး အမေရယ်
အမေ့ရဲ့ အိပ်မက်ထဲ ရောက်တဲ့
သားကို မေးကြည့်ပါနော်။
နှင်းဆီအနီးမှာ
ခိုလှုံခွင့်ရတဲ့
ဆူးငယ်တို့ပမာ
အမေ့အတွက်
သား တာဝန်တွေ ကျေချင်ပါတယ်အမေ။
ဒါပေမယ့် အမေရယ်..
အမေ့ရဲ့ ဆံနွယ်မှာ
ပန်ဆင်ပေးချင်တဲ့
ပျော်ရွှင်ပန်းရောင်စုံတို့ကို
မာယာများတဲ့ လောကကြီးက
သားဆီ မအပ်နှင်းသေးဘူးအမေရယ်။
အောင်မြင်မှု ရောင်နီမလာမီ
ချမ်းအေးမှု အခက်အခဲကို
မသိဟန်ပြု သည်းခံပေးပါဦးနော် အမေ။
ရောင်နီလာတော့မှ
ပျော်ရွှင်မှုအနွေးဓာတ်ကို
ကြည်နူးစွာ ထွေးပိုက်ကြတာပေါ့နော်။
အဆင်မပြေမှုဆိုတာ
အမေနဲ့ပဲ သက်ဆိုင်တာလည်း မဟုတ်ဘူးလေ။
သာ်းနဲ့ပဲ ပတ်သက်တာလည်း မဟုတ်ဘူးပေါ့။
သန်းကြွယ်သူဋ္ဌေးမှာလည်း ရှိတယ်နော်။
လူသားတိုင်းရဲ့ အသွေးအသားပဲလေအမေ။
အမေ့ကို အဆင်မပြေအောင်
ပြုလုပ်သွားသူတွေမှာလည်း
အဆင်မပြေမှုတွေ ရှိနေဦးမှပါပဲ အမေ။
အဆင်မပြေမှု လောင်းရိပ်အောက်မှ
သူတို့လည်း ရုန်းမထွက်လောက်ပါဘူး အမေ။
အဆင်မပြေမှုဆိုတာ
လေသွားရာ ပါတဲ့
အနံ့အသက်ပါပဲ။
လူသားတိုင်းရဲ့နောက်မှာ
ပုန်းကွယ်နေလျက်ပါ အမေ။
ရက်စက်နိုင်သူတို့
ပစ်လွှတ်လိုက်တဲ့ အဆင်မပြေမှုမြှားကို
ကာကွယ်လို့ မရနိုင်လိုက်တာ အမှန်ပေါ့ အမေ၊
အဆင်မပြေမှုတို့ကို တွေးနေလို့
စူးနစ်လာမည့် သောကမြှားကိုတော့
အမေ တားဆီးနိုင်မှာပါ အမေရယ်။
သားလည်း အမေ့ရဲ့
မေတ္တာစမ်းချောင်းလေးအနီးမှာ
မရှိနိုင်တဲ့အချိန်လေးမှာမို့
မြှားတစ်စင်းပဲ အစူးခံပါအမေရယ်။
နောက်မြှားတစ်စင်းကိုတော့
အစူးမခံလိုက်ပါနဲ့နော်။
အသိ သတိဆိုတဲ့ ဒိုင်းနဲ့
ကာကွယ်လိုက်ပါအမေ။
မြှားနှစ်စင်လုံး အစူးခံလိုက်ရင်
အမေရဲ့ နှလုံးသားလေး
နေလောင်ကျွမ်းတဲ့ ရွက်ပမာ
နွမ်းလျညှိုးကျသွားပါမယ် အမေ။
အဆင်မပြေမှု တစ်ခုတည်းနဲ့
ဘ၀ကို တည်ဆောက်ထားတာမှ မဟုတ်တာနော်။
အခြားအဆင်မပြေမှုတို့ကို
နင်းခြေဖို့ တာဝန် ရှိသေးတယ် မဟုတ်လား အမေ။
အဆင်မပြေလို့
သောကမျက်ရည် ရွာသွန်းတာဟာ
အဆင်မပြေမှုတွေရဲ့အောက်
ဦးခေါင်းထိုးပေးလိုက်တာပါပဲ အမေ။
အတိတ်မှ သင်္ခန်းစာကို နှုတ်ယူ
အနာဂတ်အတွက် နည်းလမ်းရှာတာ
အဆင်မပြေမှုကို အံတုစိန်ခေါ်လိုက်တာပဲအမေ။
အဆင်မပြေခိုက်
မျက်ရည်မိုး သွးန်ဖြိုးရမှ
သက်သာမယ်ဆို ရွာသွန်းလိုက်ပါအမေ။
မျက်ရည်မိုးတို့နှင့် အတူ
အားငယ်နေမှုတို့ကို
အပြီးပြတ် မျှောပစ်လိုက်ပေါ့ အမေ။
မိုးမျက်ရည် ရပ်ဆဲမှ
သစ်လွင်သော စိတ်
ဆန်းသစ်သော နည်းများဖြင့်
သစ်ဆန်းသော လမ်းကို
ဆက်လျှောက်ပါနော် အမေ။
နွေလယ်ခေါင် အပင်အို၏
ရွက်ဟောင်းကြွေခြင်းဟာ
ရွက်သစ်ရွက်နု ထွက်ဖို့ ဖြစ်သလို
အဆင်မပြေခိုက်
ဝမ်းနည်းမျက်ရည်ကျတာဟာလည်း
အနာဂတ်အတွက် အင်အားပေါ့ အမေ။
မြေခွေးတစ်ကောင်ရဲ့ ဟောင်သံကို
ဂရုမစိုက်တဲ့ ခြင်္သေ့မင်းလို
ဘ၀ရဲ့ အဆင်မပြေမှုတို့ကို
မမှုပါနဲ့နော် အမေ။
အဆင်မပြေမှုတို့ကို
ဓားစာခံလုပ်ပြီး
အဆင်ပြေမှုအသစ်တို့ကို
သိမ်းပိုက်ပစ်လိုက်ပါနော် အမေ။
အဆင်မပြေမှုတို့ကြောင့်
စိတ်ဓာတ်မကျပါနဲ့အမေရယ်။
အမေ စိတ်ဓာတ်ကျနေရင်
အဆင်မပြေမှုတွေကို
ဖန်တီးလိုက်သူတို့အတွက်
အားဖြစ်သွားလိမ့်မယ် အမေ။
စိတ်ဓာတ်မကျဘဲ ခိုင်မာနေရင်တော့
အမေ့ရဲ့ စွမ်းအားကို ပြလိုက်တာပဲနော် အမေ။
အဆင်မပြေလို့ စိတ်ဓာတ်ကျရုံနဲ့
ပျော်ရွှင်စရာ အဆင်ပြေမှုတို့
ကောင်းကင်က ကြွေကျလာမှာမှ
မဟုတ်တာနော် အမေ။
အမေ
စိတ်ဓာတ်မကျနဲ့နော်။
ပူးဆွေး ငိုနေရင်
ပို၍ အားငယ်လာမယ်အမေ။
ကျမျက်ရည်အစား
ဆက်လျှောက်ရမည့် စနစ်သစ်တွေ
ဖြေရှင်းရမည့် နည်းဆန်းလေးတွေ
စိတ်ကူးနဲ့ မွေထုတ်လိုက်ပါနော်အမေ။
အမေ
ဘယ်သူ့ကိုမှ အားမကိုးနဲ့နော်။
သဘာဝက ပေးထားတဲ့ စွမ်းအားတွေ
အမေ့ဆီမှာ ရှိပါတယ် အမေ။
သူတို့နဲ့ လက်တွဲ
အခက်အခဲတွေကို အနိုင်နွှဲလိုက်ပါနော်အမေ။
အဆင်မပြေတိုင်း
အားငယ်နေမယ်ဆိုရင်
အင်အားတွေ လျှော့သွားပါမယ်နော်အမေ။
အဆင်မပြေတိုင်း
ငိုနေမယ်ဆိုရင်
မျက်ရည်မိုး ရပ်ဆဲမှာ
မဟုတ်တော့ဘူးတော့နော် အမေ။
အဆင်မပြေမှု ၀င်ရောက်လာတိုင်း
အရှုံးပေးနေရင် အောင်နိုင်မှာ
မဟုတ်တော့ဘူးနော် အမေ။
သား.. မှာတမ်း ဆိုပါရစေနော် အမေ။
အားငယ်မငယ်ပါနဲ့။ အားတင်းထားပါအမေ။
မငိုပါနဲ့၊ တိတ်ပါတော့နော် အမေ။
အရှုံးမပေးနဲ့၊ တွန်းလှန်ထားဦးနော် အမေ။
သြော်…
သိပ်ချစ်ရသော အမေတစ်ယောက်
တေးဆိုပျံလွှားနေတဲ့ ငှက်ငယ်တို့နဲ့ အတူ
ပျော်ရွှင်နိုင်ပါစေ၊ ကြည်နူးနိုင်ပါစေ၊
ချမ်မြေ့နိုင်ပါစေ အမေရယ်..။ ။
အဝေးရောက်
အမေ့ရဲ့ တစ်ပွင့်တည်းသော အားမာန်…
ရေးဖွဲ့ထားသော စာကို ဖတ်လိုက်ရတော့
သားရဲ့ နှလုံးသာလည်း
အမေ့ရဲ့ နှလုံးသားနဲ့
တစ်သားတည်း ဖြစ်ခဲ့ရပါတယ်အမေ.။
အမေရယ်..
ပန်းမျိုးစုံကို
အမြတ်တနိုး ပြုစုတဲ့
ဥယျဉ်မှူးကဲ့သို့
အမေ့ကို စောင့်ရှောက်ချင်စိတ်
သားရင်မှာ လျှံတက်နေပါတယ် အမေ။
ကောင်းကင်မှာ
တည်ငြိမ်အေးချမ်းစွာ
လင်းလက်နေတဲ့ လမင်းကြီးလို
လေပြည်ညှင်းနဲ့ လက်တွဲကာ ပျော်ရွှင်နေတဲ့
ပင်ထပ်ဖျားက ပန်းပွင့်ငယ်လို
အမေ့ရဲ့ ဘ၀ကို
ဖူးမြင်ချင်သော ဆန္ဒ
စိတ်အစဉ်မှာ
ပြင်းထန်နေပါပြီအမေ။
အမေရယ်..
မလိမ်ရက်ပါဘူး။
အပြာရောင်ကောင်းကင်ကြီးက အသိပါတယ်။
မညာရဲပါဘူး အမေရယ်
အမေ့ရဲ့ အိပ်မက်ထဲ ရောက်တဲ့
သားကို မေးကြည့်ပါနော်။
နှင်းဆီအနီးမှာ
ခိုလှုံခွင့်ရတဲ့
ဆူးငယ်တို့ပမာ
အမေ့အတွက်
သား တာဝန်တွေ ကျေချင်ပါတယ်အမေ။
ဒါပေမယ့် အမေရယ်..
အမေ့ရဲ့ ဆံနွယ်မှာ
ပန်ဆင်ပေးချင်တဲ့
ပျော်ရွှင်ပန်းရောင်စုံတို့ကို
မာယာများတဲ့ လောကကြီးက
သားဆီ မအပ်နှင်းသေးဘူးအမေရယ်။
အောင်မြင်မှု ရောင်နီမလာမီ
ချမ်းအေးမှု အခက်အခဲကို
မသိဟန်ပြု သည်းခံပေးပါဦးနော် အမေ။
ရောင်နီလာတော့မှ
ပျော်ရွှင်မှုအနွေးဓာတ်ကို
ကြည်နူးစွာ ထွေးပိုက်ကြတာပေါ့နော်။
အဆင်မပြေမှုဆိုတာ
အမေနဲ့ပဲ သက်ဆိုင်တာလည်း မဟုတ်ဘူးလေ။
သာ်းနဲ့ပဲ ပတ်သက်တာလည်း မဟုတ်ဘူးပေါ့။
သန်းကြွယ်သူဋ္ဌေးမှာလည်း ရှိတယ်နော်။
လူသားတိုင်းရဲ့ အသွေးအသားပဲလေအမေ။
အမေ့ကို အဆင်မပြေအောင်
ပြုလုပ်သွားသူတွေမှာလည်း
အဆင်မပြေမှုတွေ ရှိနေဦးမှပါပဲ အမေ။
အဆင်မပြေမှု လောင်းရိပ်အောက်မှ
သူတို့လည်း ရုန်းမထွက်လောက်ပါဘူး အမေ။
အဆင်မပြေမှုဆိုတာ
လေသွားရာ ပါတဲ့
အနံ့အသက်ပါပဲ။
လူသားတိုင်းရဲ့နောက်မှာ
ပုန်းကွယ်နေလျက်ပါ အမေ။
ရက်စက်နိုင်သူတို့
ပစ်လွှတ်လိုက်တဲ့ အဆင်မပြေမှုမြှားကို
ကာကွယ်လို့ မရနိုင်လိုက်တာ အမှန်ပေါ့ အမေ၊
အဆင်မပြေမှုတို့ကို တွေးနေလို့
စူးနစ်လာမည့် သောကမြှားကိုတော့
အမေ တားဆီးနိုင်မှာပါ အမေရယ်။
သားလည်း အမေ့ရဲ့
မေတ္တာစမ်းချောင်းလေးအနီးမှာ
မရှိနိုင်တဲ့အချိန်လေးမှာမို့
မြှားတစ်စင်းပဲ အစူးခံပါအမေရယ်။
နောက်မြှားတစ်စင်းကိုတော့
အစူးမခံလိုက်ပါနဲ့နော်။
အသိ သတိဆိုတဲ့ ဒိုင်းနဲ့
ကာကွယ်လိုက်ပါအမေ။
မြှားနှစ်စင်လုံး အစူးခံလိုက်ရင်
အမေရဲ့ နှလုံးသားလေး
နေလောင်ကျွမ်းတဲ့ ရွက်ပမာ
နွမ်းလျညှိုးကျသွားပါမယ် အမေ။
အဆင်မပြေမှု တစ်ခုတည်းနဲ့
ဘ၀ကို တည်ဆောက်ထားတာမှ မဟုတ်တာနော်။
အခြားအဆင်မပြေမှုတို့ကို
နင်းခြေဖို့ တာဝန် ရှိသေးတယ် မဟုတ်လား အမေ။
အဆင်မပြေလို့
သောကမျက်ရည် ရွာသွန်းတာဟာ
အဆင်မပြေမှုတွေရဲ့အောက်
ဦးခေါင်းထိုးပေးလိုက်တာပါပဲ အမေ။
အတိတ်မှ သင်္ခန်းစာကို နှုတ်ယူ
အနာဂတ်အတွက် နည်းလမ်းရှာတာ
အဆင်မပြေမှုကို အံတုစိန်ခေါ်လိုက်တာပဲအမေ။
အဆင်မပြေခိုက်
မျက်ရည်မိုး သွးန်ဖြိုးရမှ
သက်သာမယ်ဆို ရွာသွန်းလိုက်ပါအမေ။
မျက်ရည်မိုးတို့နှင့် အတူ
အားငယ်နေမှုတို့ကို
အပြီးပြတ် မျှောပစ်လိုက်ပေါ့ အမေ။
မိုးမျက်ရည် ရပ်ဆဲမှ
သစ်လွင်သော စိတ်
ဆန်းသစ်သော နည်းများဖြင့်
သစ်ဆန်းသော လမ်းကို
ဆက်လျှောက်ပါနော် အမေ။
နွေလယ်ခေါင် အပင်အို၏
ရွက်ဟောင်းကြွေခြင်းဟာ
ရွက်သစ်ရွက်နု ထွက်ဖို့ ဖြစ်သလို
အဆင်မပြေခိုက်
ဝမ်းနည်းမျက်ရည်ကျတာဟာလည်း
အနာဂတ်အတွက် အင်အားပေါ့ အမေ။
မြေခွေးတစ်ကောင်ရဲ့ ဟောင်သံကို
ဂရုမစိုက်တဲ့ ခြင်္သေ့မင်းလို
ဘ၀ရဲ့ အဆင်မပြေမှုတို့ကို
မမှုပါနဲ့နော် အမေ။
အဆင်မပြေမှုတို့ကို
ဓားစာခံလုပ်ပြီး
အဆင်ပြေမှုအသစ်တို့ကို
သိမ်းပိုက်ပစ်လိုက်ပါနော် အမေ။
အဆင်မပြေမှုတို့ကြောင့်
စိတ်ဓာတ်မကျပါနဲ့အမေရယ်။
အမေ စိတ်ဓာတ်ကျနေရင်
အဆင်မပြေမှုတွေကို
ဖန်တီးလိုက်သူတို့အတွက်
အားဖြစ်သွားလိမ့်မယ် အမေ။
စိတ်ဓာတ်မကျဘဲ ခိုင်မာနေရင်တော့
အမေ့ရဲ့ စွမ်းအားကို ပြလိုက်တာပဲနော် အမေ။
အဆင်မပြေလို့ စိတ်ဓာတ်ကျရုံနဲ့
ပျော်ရွှင်စရာ အဆင်ပြေမှုတို့
ကောင်းကင်က ကြွေကျလာမှာမှ
မဟုတ်တာနော် အမေ။
အမေ
စိတ်ဓာတ်မကျနဲ့နော်။
ပူးဆွေး ငိုနေရင်
ပို၍ အားငယ်လာမယ်အမေ။
ကျမျက်ရည်အစား
ဆက်လျှောက်ရမည့် စနစ်သစ်တွေ
ဖြေရှင်းရမည့် နည်းဆန်းလေးတွေ
စိတ်ကူးနဲ့ မွေထုတ်လိုက်ပါနော်အမေ။
အမေ
ဘယ်သူ့ကိုမှ အားမကိုးနဲ့နော်။
သဘာဝက ပေးထားတဲ့ စွမ်းအားတွေ
အမေ့ဆီမှာ ရှိပါတယ် အမေ။
သူတို့နဲ့ လက်တွဲ
အခက်အခဲတွေကို အနိုင်နွှဲလိုက်ပါနော်အမေ။
အဆင်မပြေတိုင်း
အားငယ်နေမယ်ဆိုရင်
အင်အားတွေ လျှော့သွားပါမယ်နော်အမေ။
အဆင်မပြေတိုင်း
ငိုနေမယ်ဆိုရင်
မျက်ရည်မိုး ရပ်ဆဲမှာ
မဟုတ်တော့ဘူးတော့နော် အမေ။
အဆင်မပြေမှု ၀င်ရောက်လာတိုင်း
အရှုံးပေးနေရင် အောင်နိုင်မှာ
မဟုတ်တော့ဘူးနော် အမေ။
သား.. မှာတမ်း ဆိုပါရစေနော် အမေ။
အားငယ်မငယ်ပါနဲ့။ အားတင်းထားပါအမေ။
မငိုပါနဲ့၊ တိတ်ပါတော့နော် အမေ။
အရှုံးမပေးနဲ့၊ တွန်းလှန်ထားဦးနော် အမေ။
သြော်…
သိပ်ချစ်ရသော အမေတစ်ယောက်
တေးဆိုပျံလွှားနေတဲ့ ငှက်ငယ်တို့နဲ့ အတူ
ပျော်ရွှင်နိုင်ပါစေ၊ ကြည်နူးနိုင်ပါစေ၊
ချမ်မြေ့နိုင်ပါစေ အမေရယ်..။ ။
အဝေးရောက်
အမေ့ရဲ့ တစ်ပွင့်တည်းသော အားမာန်…

0 သူတို့ရေးသား အမှတ်တရစကား:
Post a Comment
((( ရင်ထဲက စကားလေး အမှတ်တရ ထားခဲ့နိုင်ပါတယ် )))