ထောင်မတ်နေဆဲ

ရေးသားသူ= ရှင်သန်

မညီညာတဲ့ လောကဓံအလယ်
အကြိမ်ကြိမ် လဲခဲ့ဖူးပါတယ်၊
အကူမဲ့ဘ၀ အားနွဲ့လှသူ ဆိုတော့လေ။

လောကကြီးရယ်..
အကြိမ်ကြိမ် လဲခဲ့ဖူးသူကိုမှ
ဘာ့ကြောင့် အငြှိုးကြီးစွာ
အကြိမ်ကြိမ် ထပ်လှဲရတာလဲ။

ဘယ်လိုပင် လှဲလှဲ၊
ငါ့ကတော့ ...
တစ်ကြိမ်လဲ နှစ်ကြိမ် ထ မယ်။
လုံးဝ မထနိုင်ခဲ့တောင်
လေးဘက်ထောက် သွားမယ်
ကလေးငယ် တစ်ဦးကို စံပြုလို့ပေါ့။

ပန်းတိုင်ဟာ
လုံးဝ အဆုံးမခံနိုင်တဲ့
ငါ့ရဲ့ ချစ်သူ..၊
ငါ့ဘ၀ထက် အရေးပါ
ပြန်လည်ရပိုင်ခွင့် မရှိတဲ့
င့ါရဲ့ မိခင်...၊

င့ါရဲ့ ကိုယ်ထည်
ဖရိုဖရဲ လဲနေတာ
တွေ့ကောင်း တွေ့မယ်၊
ငါ့ရဲ့ စိတ်ကတော့
လွတ်လပ်ရေး ကျောက်တိုင်လို
မိုးထိအောင် ထောင်မတ်နေမယ်..။ ။

0 သူတို့ရေးသား အမှတ်တရစကား:

Post a Comment

((( ရင်ထဲက စကားလေး အမှတ်တရ ထားခဲ့နိုင်ပါတယ် )))

free counters
အမှတ်တရ စကားဂေဟာ

♣အမှတ်တမဲ့ ရေသွားပေမယ့်လည်း အမှတ်တရ ရင်မှာ ကျန်ရစ်နေမှာပါ♣