ငါတို့ အတူ ရှေ့ဆက်မယ်

ရေးသားသူ= ရှင်သန်

လင်းကြက်တို့
တွန်သံ ပေးခဲ့ပြီ၊
မှေးစက်ခြင်မှ မနိုးထသေး၊
ဆက်အိပ်နေဦးမှာလား။

အခွင့်ရေးတို့
အခါခါ ရခဲ့ကြပြီ၊
ပြောင်းလဲသည့်ဘ၀ မဖြစ်ကြသေး။
အောက်ဆုံးအဆင့်မှာပဲ နေရစ်ဦးမှာလား။

နှစ်လတို့
ကုန်ဆုံးခဲ့ပြီ၊
ရှိမြဲဘ၀ထဲမှ မထွက်ကြသေး၊
ဒီဘ၀ထဲမှာပဲ ဆက်နေဦးမှာလား။

ချစ်ခွင့်တို့
အကြိမ်ကြိမ် ရခဲ့ကြပြီ၊
အထီးကျန်ဘ၀မှ မလွတ်ကြသေး၊
တစ်ကိုယ်တည်းပဲ အဆုံးသတ်မှာလား။

ပန်ခင်းတို့
အဆင့်ဆင့် ပွင့်ခဲ့ကြပြီ၊
ပန်းတစ်ကုံးလေးမှ မသီနိုင်ကြသေး၊
ပြန့်ကျဲနေသည့်အတိုင်းပဲ ကြည့်နေမှာလား။

မြတ်ဘုရားတို့
အဆူဆူ ပွင့်ခဲ့ကြပြီ၊
သံသရာနွံထဲမှ မလွတ်ကြသေး၊
ရှေ့တိုးကာ နစ်နေဦးမှာလား။

သင် ထင်သလို မဟုတ်ရ။
အားလုံးမှ ရုန်းထွက်
တိုးတက်မည့်ဘ၀အတွက်
နေ့ရက်တွေကို ရင်းနှီး
ကျောက်ထီးတန္တု
ဓိဋ္ဌာန်ပြုကာ
ကျန်သည့်အချိန်
မညှိုးမှိန်အောင်
ငါသည် ရှေ့တက် ခရီးဆက်မည်၊
သင်လည်း အတူ လိုက်ခဲ့နော်။ ။

0 သူတို့ရေးသား အမှတ်တရစကား:

Post a Comment

((( ရင်ထဲက စကားလေး အမှတ်တရ ထားခဲ့နိုင်ပါတယ် )))

free counters
အမှတ်တရ စကားဂေဟာ

♣အမှတ်တမဲ့ ရေသွားပေမယ့်လည်း အမှတ်တရ ရင်မှာ ကျန်ရစ်နေမှာပါ♣