ဝဋ်ကြွေး

ရေးသားသူ= ရှင်သန်

အကောင်းတွေ မျှော်လင့်လည်း
အဆိုးတွေသာ ငါ့ရဲ့ အဖော်..၊

အရိုးကြေကြေ ကြိုးစားလည်း
နှစ်သိမ့်စုသာ ငါ့ရဲ့ အဖော်..၊

လေညှင်းလေးတွေ ရှိုက်ချင်လည်း
မုန်တိုင်းတွေသာ ငါ့ရဲ့ အဖော်..၊

အနွံနာတွေ ခံသော်လည်း
အမုန်းတွေသာ ငါ့ရဲ့ အဖော်..၊

ပို့မေတ္တာတွေ စေလွှတ်လည်း
ကျိန်စာတွေသာ ငါ့ရဲ့ အဖော်..၊

ငါ သေဒဏ် ကျတော့မယ်၊
ချက်ချင်း မသေသွားတာ
အနှိုင်းမဲ့ အခွင့်ရေးပေါ့။
ဒီလိုတွေးလို့ ပျော်နေမြဲ..။

ဆူးခက်တွေ များပါစေ၊
နှင်းဆီတွေသာ ငါ မြင်တယ်။
အဆိုးတွေ ဘယ်လိုကြုံ
အကောင်းတွေသာ ငါ ရွေးကြည့်၊
လုံးဝ အကောင်းမရှိတော့လည်း
ငါ့ရဲ့ ကံပေါ့...။

ဘယ်လိုပင် ရုန်းကျွေး
နောက်ဆုံးတော့..
သတ်စားခံရမည့် နွားတစ်ကောင်ပဲလား၊
ဝဋ်ကြွေးတွေပဲ မဖြစ်တန်ရာ၊
လောကရဲ့ လှည့်ကွက်တွေလည်း ပါကောင်းရဲ့။

လောကကောင်းကျိုးအတွက်
လူဖြစ်လာခြင်းလို့
စကားထွားတွေလည်း မဆိုချင်၊
ဝဋ်ကြွေးတွေ ဆပ်ဖို့ပဲ
    ရောက်လာတဲ့ ... ငါ..။ ။

0 သူတို့ရေးသား အမှတ်တရစကား:

Post a Comment

((( ရင်ထဲက စကားလေး အမှတ်တရ ထားခဲ့နိုင်ပါတယ် )))

free counters
အမှတ်တရ စကားဂေဟာ

♣အမှတ်တမဲ့ ရေသွားပေမယ့်လည်း အမှတ်တရ ရင်မှာ ကျန်ရစ်နေမှာပါ♣