ရောက်လာသူကို အအေးမျှဖို့
မှိုင်းညို့ညို့ ပင်အိုတို့က
ရှေ့မှာနေ.......။

လူသားတို့၏ ၀မ်းစာ
စပါးဥယာဉ်တွေက
ပတ်လည်ဝိုင်း....။

ကျေးငှက်သာရကာတွေက
ပျော်ရွှင်ကြည်နူးစွာဖြင့်
ထိပ်အထက်မှာ ကစားနေကြ........။

လူသားတို့ရဲ့
နောက်ဆုံး နားခိုရာ...
အဆုံးသတ်ရာ..
မာန်ချရာ...
ရပ်တန့်ရာ......။

ထိုနေရာဝယ်..
အချောအလှ မျိုးစုံ
အဆင်းမဲ့သူ ဖုံဖုံ
မိုက်သူအထွေထွေ
ယဉ်သူအဖြာဖြာ
နုသူအသွယ်သွယ်
အိုသူအတန်တန်
ချိန်းဆိုကြံရွယ်ခြင်း မရှိကြပေမယ့်....
ဘ၀တစ်ခု နိဂုံးချုပ်ခဲ့ကြသည်..။

သြော်......
ငါလည်း တစ်နေ့ ရောက်လိမ့်.၊
သူလည်း တစ်နေ့ရောက်မှာ.....
ဘယ်သူ အရင် လာမည်ကိုတော့ မသိရ..။

ဟူး........
လာခဲ့မယ်နော်..၊
သို့သော်...
ရိက္ခာ ပြန်ထုပ်လိုက်ဦးဗျာ....။

0 သူတို့ရေးသား အမှတ်တရစကား:

Post a Comment

((( ရင်ထဲက စကားလေး အမှတ်တရ ထားခဲ့နိုင်ပါတယ် )))

free counters
အမှတ်တရ စကားဂေဟာ

♣အမှတ်တမဲ့ ရေသွားပေမယ့်လည်း အမှတ်တရ ရင်မှာ ကျန်ရစ်နေမှာပါ♣