သူတို့ရဲ့ လုပ်ထုံး

ရေးသားသူ= ရှင်သန်






စိမ်းစိုလန်းဆန်းသော သစ်တစ်ပင်မှ
ကြည်လင်တောက်ပတဲ့ နှင်းစက်လေးများ
မြေပြင်သို့ အလုအယက် ခုန်ဆင်းကြသလို
လူသားတို့သည်လည်း
သုဂတိလူ့ဘုံနန်းတော်မှ သုခမဲ့ ဒုဂ္ဂတိဘုံသို့
ဆန္ဒကင်းမဲ့စွာ သက်ဆင်းနေကြသည်။

အေးမြတဲ့ သစ်တစ်ပင်၏ အရိပ်အောက်မှ
အလင်းမရလို့ဆိုပြီး နေပူပြင်ထွက်သွားတဲ့ ခရီးသည်လို
ဗာလဂိုဏ်းဝင်သားသမီးတွေသည်လည်း လွတ်လပ်မှုမရဆိုပြီး
တုနှိုင်းခ မိဘအရိပ်အောက်မှ ရုန်းထွက်ကြသည်။

အပြစ်ကင်းစွာ လှပပြီး အအေးမျှနေတဲ့ လမင်းကို
မနာလိုဖက်ကာ ဟောင်သံပေးတဲ့ ခွေးတစ်ကောင်လို
ဣဿာစွမ်းအားရှင်တွေဟာ
သူ့ကံ သူ့ဉာဏ် သူ့ဝီရိယအလျှောက်
ကြီးပွားကျော်ကြားနေသူတွေကို မနာလိုပြုကြသည်။

0 သူတို့ရေးသား အမှတ်တရစကား:

Post a Comment

((( ရင်ထဲက စကားလေး အမှတ်တရ ထားခဲ့နိုင်ပါတယ် )))

free counters
အမှတ်တရ စကားဂေဟာ

♣အမှတ်တမဲ့ ရေသွားပေမယ့်လည်း အမှတ်တရ ရင်မှာ ကျန်ရစ်နေမှာပါ♣