တံတားတစ်စင်းရဲ့ အကြင်နာ

ရေးသားသူ= ရှင်သန်

အသိုင်းဝိုင်းက မုန်းခိုင်းတယ်။
မုန်းရိပ်၊ မုန်းဟန်
မုန်းသံတို့က သူ့မှာ မရှိ။
ဝါးတံတားဖြစ်တာနဲ့ လျှောက်ခွင့်မရတော့ဘူးလား။
ငါ့ကို ဟိုတစ်ဘက် ရောက်စေတယ်လေ။
ငါ ဖြတ်လျှောက်မှာပဲ၊ မတားကြနဲ့။
သံတံတားဖြစ်အောင် ငါ့ တာဝန်
တံတားဆင်းရဲလေးလည်း အကြင်နာရှိတယ်။
လာသူတိုင်းကို အကျိုးပြုတယ်။
သူဋ္ဌေးလာလည်း နင်းသွားခဲ့။
ငမွဲလာလည်း နင်းချခဲ့။
သူ့မေတ္တာက ဟိုဘက်ရောက်သွားဖို့။
လမ်းမခွဲနိုင် ဆက်ချစ်မယ်။
အထီးကျန်တံတားရဲ့ အကြင်နာကို။
(4.8.2011)

0 သူတို့ရေးသား အမှတ်တရစကား:

Post a Comment

((( ရင်ထဲက စကားလေး အမှတ်တရ ထားခဲ့နိုင်ပါတယ် )))

free counters
အမှတ်တရ စကားဂေဟာ

♣အမှတ်တမဲ့ ရေသွားပေမယ့်လည်း အမှတ်တရ ရင်မှာ ကျန်ရစ်နေမှာပါ♣