ကံကြမ္မာရိုင်း

ရေးသားသူ= ရှင်သန်

အမေ
လောကကြီး ပြုံးနေတယ်
ကောင်းကင်ကြီးတစ်ခုလုံး လှနေတယ်
တိမ်သားတွေလည်း ခရီးထွက်နေတယ်
မုန်တိုင်းတွေလည်း အိပ်မောကျနေတယ်
မိုးစက်တွေလည်း အကျဉ်းကျနေတယ်
ငှက်ငယ်တွေတော့ ပျော်လို့ပေါ့။

အပြင်လောက လှသလောက်
သားရဲ့လောက အကျည်းတန်လွန်းတယ်
အိပ်မက်ဆိုးတွေက ခဏခဏ
လဲကျမှုတွေက ကြိမ်ကြိမ်
လှိုင်းကြမ်းတွေက အခါခါ
ပစ်မှတ်တွေလည်း လွဲမြဲလွဲဆဲပဲ
တစ်ခါတစ်ရံ
လေနီကြမ်းတောင် လာလည်သေးတယ် အမေ။

အမေက ပြောတယ်
ကြိုးစားမှုတိုင်း ရှင်သန်ခြင်းပန်းတိုင် ရှိမြဲတဲ့
သားအတွက်တော့ သေဆုံးဆဲပဲ အမေ။
ငိုခဲ့ရတာ များလွန်းလို့ အမေရယ်
မျက်ရည်တို့တောင် ခန်းနေပြီ
ဒီတစ်ခါ ငိုရရင် 
သား မျက်ရည် ငှာရတော့မယ် အမေ။

ဘယ်သို့ပင် ရှိစေ
ဆိုးသွမ်းတဲ့ လှိုင်း
ကျယ်လွန်းတဲ့ ပင်လယ်ထဲ
အဆုံးသတ်ခွန်အားတစ်စုံနဲ့
ကံကြမ္မာရိုင်းကို ရင်ဆိုင်ဆဲပဲ အမေရယ်။ ။
12.8.2011



0 သူတို့ရေးသား အမှတ်တရစကား:

Post a Comment

((( ရင်ထဲက စကားလေး အမှတ်တရ ထားခဲ့နိုင်ပါတယ် )))

free counters
အမှတ်တရ စကားဂေဟာ

♣အမှတ်တမဲ့ ရေသွားပေမယ့်လည်း အမှတ်တရ ရင်မှာ ကျန်ရစ်နေမှာပါ♣