နေ့ကိုလွန်မြောက်
ညချိန်ရောက်လို့
အိပ်ယာအထက်
မှေးကာစက်လည်း
ချစ်သူလွမ်းစိတ်
တဖိတ်ဖိတ်ကြောင့်
ကြိတ်မှိတ်အိပ်လည်း
မပျော်ဆဲ...။
ည ရထားများ
တဖွားဖွားနဲ့
ခုတ်ကာမောင်းထွက်
ချိန်ကုန်သွက်လည်း
ဘယ်ပြောင်း ညာလှည့်
ဟန်သဲ့သဲ့ဖြင့်
အိပ်ယာခင်းသာ
မွကြေတာ
င့ါမှာတော့ဖြင့်
မပျော်သာ..။
ချစ်လွမ်းစိတ်သာ
မင်းမူပါသည်
အိပ်ချင်သည့် စိတ်
ဘေးသို့ ဖိတ်
တိတ်တိတ်ကလေး ငိုနေတာ..။
မင်းအတိတ်ရဲ့ ခြေစုံမှာ
ဝပ်ချ၍သာ ငါနေရှာ
မင်းကတော့ဖြင့် ပျော်ရွှင်မှာ
ဒီဘ၀တော့ ဝေးပြီကွာ..။
1.9.2012 စနေ 10း27 PM
1.9.2012 စနေ 10း27 PM

1 သူတို့ရေးသား အမှတ်တရစကား:
နူးညံ့ပြီး ဆွဲဆောင်မှု အပြည့်ရှိတဲ့ ကဗျာလေးတစ်ပုဒ်ကို
ခံစားသွားတယ်နော် . . . .
" နေ့ကိုလွန်မြောက်
ညချိန်ရောက်လို့
အိပ်ယာအထက်
မှေးကာစက်လည်း
ချစ်သူလွမ်းစိတ်
တဖိတ်ဖိတ်ကြောင့်
ကြိတ်မှိတ်အိပ်လည်း
မပျော်ဆဲ...။ "
သည်အပိုဒ်လေးကိုအကြိုက်ဆုံးပဲ . . .
အားပေးသွားပါတယ်နော်
ခင်တဲ့(အိမ်မက်ကောင်းကင်)
Post a Comment
((( ရင်ထဲက စကားလေး အမှတ်တရ ထားခဲ့နိုင်ပါတယ် )))