ကောင်းကင်နှင့် မြေပြင် ပါးချင်းအပ်သည့်တိုင်
သူယုတ်မာမှာ အကြင်နာ မရှိနိုင်။
မီးခဲသည် သူ့ကိုသူတော့ ပူမှန်း မသိပါ။
ပတ်ဝန်းကျင်လူတွေကသာ ပူမှန်းသိတယ်။
မကောင်းမှုပိုင်ရှင်တွေသည်လည်း သူတို့ကို သူတို့ ပူနေမှန်းမသိဘူး။
ငြိမ်းချမ်းတဲ့ နှလုံးသားပိုင်ရှင်တွေရဲ့ အမြင်မှာတော့ အင်မတန်ပူလွန်းလှပါတယ်။
လူတွေဟာ သိထားတာတွေကို
အပြည့်အ၀မလိုက်နာနိုင်ကြဘူး။
လိုက်နာတာတွေကလည်း
ဘ၀အတွက်အကြိုးရှိတာတွေချည်းပဲ မဟုတ်ပါ။
ဘ၀တိုးတက်ရေးကို ဘယ်တော့မှ မမေ့ပါနဲ့။
တစ်ခဏ သာယာမှုလေးတွေက
ဘ၀တိုးတက်ရေးကို ဟန့်တားထားလိမ့်မယ်။
တစ်ခဏသာယာမှုတွေဟာ
တဒင်္ဂ ပျော်ရွှင်စရာဖြစ်နေပေမယ့်
တစ်ဘ၀အတွက်တော့
ဝမ်းမြောက်ဖွယ်မဖြစ်နိုင်ပါ။
အကြိမ်ကြိမ် လဲခဲ့ဖူးပါတယ်။
အကြိမ်ကြိမ်လည်း အားတင်းကာ ထခဲ့ပါတယ်။
လောကကြီးရယ်။
အကြိမ်အကြိမ် လဲခဲ့ဖူးသူကိုမှ
ဘာကြောင့်အငြှိုးကြီးစွာ အကြိမ်ကြိမ်ထပ်၍လှဲရတာလဲ။
သူတစ်ပါးတွေကို လှည့်စားတာ သိသာထင်ရှားတယ်။
ကိုယ့်ကိုယ်ကို လှည့်စားတာတော့ သိပ်မသိသာပါ။
ဒီအတွက် သူ့ကို ပို၍ အာရုံစိုက်ကြရမည်။
ယုံကြည်ပါလို့တော့ ပြောပိုင်ခွင့် မရှိပေမယ့်
သူတစ်ပါးကို မလိမ်ဘဲ အမှန်အတိုင်း ပြောပိုင်ခွင့်တော့ ရှိပါတယ်။
ဆရာဆိုတာ တပည့်တို့အတွက် ရေသောက်မြစ်ပါ။
သစ်တစ်ပင်ဟာ ရေသောက်မြစ်မရှိဘဲ ဘယ်လို စတင်ရှင်သန်မလဲ?၊
အမှန်တော့ တစ်ခဏတာ အမုန်းလေးတွေပါ။
အငြှိုးထားပြီး တစ်ဘ၀တာထိ ဆွဲဆန့်နေကြလို့
အမုန်းအစဉ်အတန်းကြီး ရှည်လျားနေတာပါ။
လှပသော စိတ်နှလုံးမရှိသူသည်
တကယ်လှပသော ဘ၀ကို မပိုင်နိုင်ပါ။

0 သူတို့ရေးသား အမှတ်တရစကား:
Post a Comment
((( ရင်ထဲက စကားလေး အမှတ်တရ ထားခဲ့နိုင်ပါတယ် )))