သီချင်း player လုပ်နည်း

ရေးသားသူ= ရှင်သန်

သီချင်း player လုပ်နည်းလေးပါ။ အဆင်ပြေအောင် ပုံလေးတွေနဲ့ ပြထားပါတယ်။
ပုံတွေ သေးနေရင် မောက်စ်နဲ့ နှိပ်ပြီး အကျယ်ကြည့်လိုက်ပါ။

ပထမဆုံး ဒီကို သွားပြီး အကောင့်တစ်ခု လုပ်ရပါမယ်။
၁။ Your Email: ဘေးမှာ မိမိအီးမေးလ် ထည့်ပါ။
၂။ New Password: ဘေးမှာ Password ထည့်ပါ။
၃။ Re-type Password: ဘေးမှာ အပေါ်မှာ ထည့်ခဲ့တဲ့ Password ပဲ ပြန်ထည့်ပါ။
၎။ Birthdate: ဘေးမှာ မိမိ မွေးနေ့၊ နှစ်၊ လ ကို ရွေးပါ။
၅။ Gender: ဘေးမှာ အမျိုးသား/အမျိုးသမီး ရွေးပါ။
၆။ Type the two words: ဘေးမှာ သူပြထားတဲ့ အင်္ဂလိပ်စာလုံးတွေကို ရေးထည့်ပါ။
၇။ Sing Up ကို နှိပ်ပါ။

ဝင်ခဲ့တဲ့ အီးမေးလ်နဲ့ Password ကို မှတ်ထားပါ။ နောင်အခါ သီချင်း playerထပ်လုပ်ချင်လည်း
အဲ့ဒီအီးမေးလ်နဲ့ Password နဲ့ပဲ ထပ်ဝင်နိုင်အောင်ပါ။
ဆိုဒ်ထဲကို ၀င်လို့ ရသွားပီဆိုရင် အောက်ကအတိုင်း ဆက်လုပ်ပါ။

၈။ Menu Bar မှ Create Playlist  ကို ဝင်လိုက်ပါ။။
၉။ Search မှာ မိမိ လိုချင်တဲ့ သီချင်းကို မြန်မာလို ဖြစ်စေ/ အင်္ဂလိပ်လို ဖြစ်စေ ရေးရှာပါ။
၁၀။ နှစ်သက်တဲ့ သီချင်းတွေကို တွေ့ရင် Play ကြည့်ပါ။
၁၁။ Play လိုက်ရင် ညာဘက် သီချင်းဘောက်စ်ထဲမှာ နမူနာဖွင့်ပြပါလိ့မ်မယ်။
၁၂။ ကျေနပ်ပြီဆိုရင် အပေါင်းလက္ခဏာလေးကို နှိပ်ပါ။
၁၃။ 2.Customize ကို နှိပ်ပါ။
သီချင်းဘောက်စ်ပုံမျိုးစုံကို ဖော်ပြပါလိမ့်။
နှစ်သက်ရာကို နှိပ်လိုက်ပါ။
၁၄။ ညာဘက် သီချင်းဘောက်စ်ရဲ့ အောက်နားလေးမှာ ရှိတဲ့ Edit Skin. Edit Colors. Edit Settings တို့ကိုလည်း နှိပ်ပြီး ပြင်ဆင်လို့ ရပါသေးတယ်။

၁၅။ အားလုံးပြင်ဆင်ပြီးရင်တော့ 3. Save Playlist ကို နှိပ်ပါ။
Playlist Title:
Playlist Description:
Playlist Tags:
တို့ရဲ့ အောက်မှာတော့ ရေးချင်တာသာ ရေးလိုက်ပါ။ အရေးမကြီးပါဘူး။
၁၆။ ပြီးရင် Save(get code) နှိပ်ပေးလိုက်ရင် ၁၇ နံပါတ်အတိုင်း Saving လုပ်နေပါမယ်။
Saving လုပ်ပြီးသွားရင် အောက်ပုံအတိုင် တွေ့မြင်ရပါမယ်။
၁၈။ Enbed code ကို နှိပ်လိုက်ပါ။
၁၉။ Enbed code ကို နှိပ်လိုက်ရင်တော့ သီချင်းကုဒ်တွေကို ထုတ်ပေးပါလိမ့်မယ်။
အောက်ကပုံကို ကြည့်ပါ။
ကုဒ်တွေကို ကူယူပြီး အလိုရှိသလိုသာ အသုံးပြုပါတော့။
ကုဒ်တွေကို ယူတဲ့အခါမှာ အစကနေပြီး ဤကုဒ်</embed>အထိသာ ယူပါ။
</embed> ကုဒ်ရဲ့ နောက်ပိုင်းက ကုဒ်တွေ မယူပါနဲ့။
အစမ်းနားထောင်ကြည့်သွားပါဦးနော်။

0 သူတို့ရေးသား အမှတ်တရစကား:

Post a Comment

((( ရင်ထဲက စကားလေး အမှတ်တရ ထားခဲ့နိုင်ပါတယ် )))

free counters
အမှတ်တရ စကားဂေဟာ

♣အမှတ်တမဲ့ ရေသွားပေမယ့်လည်း အမှတ်တရ ရင်မှာ ကျန်ရစ်နေမှာပါ♣