ရင်တွင်းဖြစ် အတွေးများ(၂)

ရေးသားသူ= ရှင်သန်

ကိုယ့် ဘ၀အတွက် 
အပြောင်းအလဲကောင်းကို ဖန်ဆင်းပေးမယ့် အလုပ်ကိုမှ 
အစွမ်းကုန် မကြိုးစားရင် နေမြဲဘ၀ထဲမှာပဲ နေရလိမ့်မည်။

ဆရာ၊ မိဘတွေရဲ့ အပြစ်တင် ဆူပူမှုတွေထဲမှာ 
လိုက်နာစရာတွေ၊ ရှောင်ကြဉ်စရာတွေ၊
 ပြုပြင်စရာတွေ၊ မေတ္တာ အစစ်အမှန်တွေ ရှိနေတယ်ဆိုတာကို 
သားသမီးနှင့် တပည့်များ နားလည်ထားသင့်ပါတယ်။

မျှော်လင့်ချက်တွေ ထားစရာ မလိုပါဘူး။ 
စစ်မှန်သောမေတ္တာက
 ကောင်းမွန်သော အကျိုးတွေကို ရယူပေးမှာပါ။

ရရှိထားတဲ့ အခြေအနေလောက်ကိုသာ 
တင်းတိမ်ကျေနပ်နေရင် တစ်ဆင့်တက်ဘ၀ကို ဘယ်ရောက်ပါ့မလဲ။

ကျိန်စာတွေ တိုက်စရာမလိုပါဘူး။ 
ယုတ်နိမ့်သော စိတ်ထားတွေက အဆိုးဆုံးတွေကို ခေါ်ဆောင်ပေးမှာပါ။

ရယူ ပိုင်ဆိုင်မှုတိုင်းမှာ
 ပေးဆပ်ခြင်းများစွာ ရှိနေတယ်။ 
အရင် ပေးဆပ်ရတာနဲ့
 နောက်မှ ပေးဆပ်ရတာပဲ ကွာမှာပါ။ 
ရယူ ပိုင်ဆိုင်တော့မယ်ဆိုရင် ပေးဆပ်ရဲတဲ့ 
သတ္တရှိလားလို့ စိတ်ထဲက မေးကြည့်ပါ။ 


လူသားတွေသည် 
သူတစ်ပါးက ဖျက်ဆီးလို့ ပျက်စီးရတာထက် 
မိမိကိုယ်ကို ဖျက်ဆီးမိလို့ 
ပျက်စီးရတာတွေက ပိုများပါတယ်။

ကျော်ကြားမှုစသောဂုဏ်ကို 
ပိုင်ဆိုင်နိုင်ဖို့ ခက်ခဲပါ၏။ 
ထို့ထက် ရရှိလာပြီးသောဂုဏ်နှင့် 
ထိုက်တန်သော အပြောအဆို၊ လုပ်ရပ်၊ စိတ်သဘောထား ရှိဖို့၊ 
ရရှိပြီးသော ဂုဏ်ကို ထိန်းထားနိုင်ဖို့က ပို၍ပင် ခက်ခဲပါ၏

ဝေဖန်ခံရသူတိုင်းလည်း 
အမှားဘက်တော်သား မဟုတ်နိုင်။ 
သူများကို ဝေဖန်တိုင်းလည်း 
အမှန်တရားရဲ့ သားကောင်း မဟုတ်ပါ။
 ကျော်ကြားသူတိုင်းလည်း လူကောင်း မဟုတ်ပါ။

လျှပ်တစ်ပြတ် အမှားဆိုပေမယ့် 
တစ်ဘ၀စာထိ မေ့လို့ မရဘူး။
အမှားများတယ်ပဲ ပြောပြော၊ များများ မှားတယ်ပဲ ပြောပြော 
စကားလုံးသာ ကွာတာ။ 
အားလုံး မနှစ်သက်စရာတွေချည်းပဲလေ။

သင်ကြိုက်နှစ်သက်တိုင်းလည်း အမှန် မဖြစ်နိုင်၊ မှားနိုင်၏။ 
ကျွန်ုပ် နှစ်သက်တိုင်းလည်း အမှန် မဖြစ်နိုင်၊ မှားနိုင်၏။ 
သင်နဲ့ အကြိုက်မတူတိုင်း မှားတယ်ဟု ပြောရင် 
သူကလည်း သင်နဲ့ အကြိုက်မတူလို့ သင့်ကို မှားတယ်ဟု ပြောမည်သာ။

အကျိုးမရှိတဲ့ တစ်နေ့တာ ကုန်ဆုံးခြင်းတွေ များလာတော့ 
ဆုတ်ယုတ်မှု ထုထည်ဟာ ကြီးမားလာတာပေါ့။

အနောက်မှ နေထွက်မှ၊ ပင်လယ်ပြင်ထဲက ရေးတွေ ကုန်ပျောက်မှ 
လူသားတို့သည် မိမိအမှားကို မိမိ ၀န်ခံကြလိမ့်မယ်။

အသေးအမွှားလေးက စ၍
 ကျေးဇူးတင်တတ်သော နှလုံးသားသည် 
လူပီသသူ တစ်ယောက်ရဲ့ နှလုံးသားအစစ်ပင် ဖြစ်သည်။

တစ်ခုလောက်ကို သူမတူ အကောင်းဆုံးဖြစ်အောင်
 တော်ထား၊ တတ်ထားရုံဖြင့် ကမ္ဘာကို ကိုင်လှုပ်နိုင်သည်။

ပြတ်သားလွန်းသော ဆုံးဖြတ်ချက်သည် 
အသွားထက်လွန်းသော ဓါးတစ်လက်လိုပါပဲ။ 
အခက်အခဲအာလုံးကို ဖြတ်တောက်ပြီး အောင်မြင်မှုကို ရစေနိုင်သည်။

မလုပ်သင့်တာတွေကို 
လုပ်ခဲ့တဲ့ အကြိမ်ပေါင်း အနန္တရှိခဲ့ပါပြီ….။
 ဒီတစ်ခါတော့ လုပ်သင့်တွေကိုပဲ လုပ်တော့ပါမည်။

နေပူကို ဖြတ်သွားရမှာ ကြောက်ရင်
 နေရိပ်ကို ရောက်ရိုးထုံးစံ မရှိပါ။
 နေပူကို ခဏလောက် ဖြတ်ပြီး နေရိပ်မှာ ပျော်သမျှနေရမှာ
 ခဏလောက် နေပူခံလိုက်ပါ။
 ပြီးတော့မှ နေရိပ်မှာ အပန်းဖြေပေါ့နော်။

မငိုပါနဲ့။
 တစ်ကြိမ်တည်း တွေ့ပြီး
တစ်ခါတည်း ခွဲရမှာမှ မဟုတ်တာ။ 
အခါခါ ဆုံပြီး အကြိမ်ကြိမ် ခွဲရဦးမှာလေ။ 
အကြိမ်ကြိမ်ဆုံ အခါခါ ခွဲခဲ့ရပြီး ဖြစ်လို့လည်း
 ရင့်ကျက်မှုလေး ရှိသင့်ပါပြီနော်။

မခိုင်လုံတဲ့ အကြောင်းပြချက်တို့ကို 
အားကိုးပြု မိတ်ဖော်လုပ်ပြီး 
လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို
 ကျောခိုင်းလိုက်တာဟာ အရာရာကို
 အလျှော့ပေးတတ်သူတို့ရဲ့ မူပိုင်လုပ်ထုံးလုပ်နည်းတစ်ခုပါပဲ။

ပြဿနာကို ထိပ်တိုက်ရင်ဆိုင်လိုက်တာဟာ 
အမုန်းတော်ခံဘ၀ကို ဖန်တီးလိုက်တာပါပဲ။ 
ပြဿနာကို ရှောင်လွှဲ၍ ဖြေရှင်းသင့်ရင်
 ရှောင်လွှဲ၍ ဖြေရှင်းရမည်

အရာရာဟာ လူတွေအတွက် လိုအပ်နေပါတယ်။ 
လိုအပ်နေတာမှန်သမျှ ရအောင်လုပ်ဖို့တော့လည်း မဖြစ်နိုင်ပါဘူး။ 
ထို့ကြောင့် အလိုအပ်ဆုံးတို့ကိုသာ ရအောင်ကြိုးစားမည် ဖြစ်၏။

သင့် ဘ၀မှာ တန်ဖိုးထားစရာ ဦးတည်ချက် မရှိရင် 
သင့် ဘ၀ဟာ တန်ဖိုးရှိတဲ့ ဘ၀ မဖြစ်နိုင်တော့ပါဘူး။
သင့်ရဲ့ ကောင်းမြတ်တဲ့ တန်ဖိုးထားမှုက
 သင့်ရဲ့ ဘ၀ကို အပြည့်အ၀ လွှမ်းမိုးမှသာ
 သင့် ဘ၀ သာယာလှပမယ်။ အောင်မြင်မယ်။

လူဟာ
 တစ်ခုလောက်ကို အစွမ်းကုန် တော်ထား၊ တတ်ထား၊ ကောင်းထားရုံဖြင့်
 အောင်မြင်သူ၊ အောင်နိုင်သူ မုချ ဧကန်ဖြစ်မည်သာ။

မျှော်လင့်ခြင်းမပါသော ပေးဆပ်ခြင်းသည်
 လွတ်လပ်တယ်၊ငြိမ်းချမ်းတယ်၊ ဖြူစင်တယ်။
 စစ်မှန်တဲ့ နှလုံးသားနဲ့ ထုဆစ်ကြည့်ပါ။

ကိုယ့်ဘ၀ကို အားမရတဲ့ စိတ်ဟာ 
ဘ၀အပြောင်းအလဲကို ဖန်တီးပေးမည့်စိတ်ပဲ။

မှန်ကန်တဲ့ သဘောထားက
 အေးချမ်းတဲ့ဘ၀ကို ဖန်တီးပေတယ်။

ခွဲခွါမှုတွေရဲ့ ရိုက်ချက်ကို 
အကြိမ်ကြိမ် ခံခဲ့ရတဲ့ နှလုံးသားကပဲ 
ခွဲခွါမှုတွေကို မတုန်လှုပ်တော့တာပါ။
တွေ့ဆုံရတဲ့အချိန်မှာ သိပ်ကို ပျော်ရွှင်ခဲ့ပါတယ်။
 ခွဲခွါကြရတော့လည်း ၀မ်းမနည်းအောင် နေတတ်ပါပြီ

လူတွေ မလုပ်ချင်ဆုံး အရာတွေဟာ 
သူတို့အတွက် တန်ဖိုးအရှိဆုံး အရာတွေ ဖြစ်နေတယ်

အောင်မြင်မှုကို ပေးအပ်မည့် လုပ်ရပ်တွေကို
 နေ့ရွေ့ညရွေ့လုပ်နေတာဟာ
 အောင်မြင်မှုကို ကိုယ့်နဲ့ ဝေးရာသို့ လွှင့်ထုတ်လိုက်တာပါပဲ

ခင်မင်မှုကို ခုတုန်းလုပ်င်္ပြီး 
အခွင့်ရေးကို မတောင်းဆိုရာ။
 ပေးဆပ်မှုရဲ့ ရောင်ပြန်အခွင့်ရေးကိုသာ နှစ်သက်မြတ်နိုးရာ၏။

0 သူတို့ရေးသား အမှတ်တရစကား:

Post a Comment

((( ရင်ထဲက စကားလေး အမှတ်တရ ထားခဲ့နိုင်ပါတယ် )))

free counters
အမှတ်တရ စကားဂေဟာ

♣အမှတ်တမဲ့ ရေသွားပေမယ့်လည်း အမှတ်တရ ရင်မှာ ကျန်ရစ်နေမှာပါ♣