တစ်နယ်စီ နေ
တစ်မြေစီ ခြားနေပေမယ့်
သန့်ရှင်းကြည်လင် ချစ်ခင်မှုကတော့
အရောင်မစွက် အဖြူထည်သက်သက်ပါပဲ ကွယ်.။
ဘေးလူတွေ ဘယ်လိုထင်
အမြင်ကြည်စွာ ရှိသည်မို့
ကဲ့ရဲ့မှာ စိုးကြောက်စိတ်
ရိုဖိတ်မထွက်ကြသည်မှာ
အရိုးခံ နှစ်ကိုယ်တူ ချစ်စိတ်က
ပြတ်သားစွာ သိနေကြဆဲပါ..။
တစ်စိမ်းတွေတိုင်း ဖြစ်လေ့ရှိ
ကိလေရောတဲ့ အချစ်ညစ်
အမှန်စင်စစ် မဖြစ်လို
အပင်ပျို သစ်ခက်ကြား
ဖက်တွယ်ကာ နေရှာသည့်
ငှက်မောင်နှံ အိမ်ငယ်မှ
တူယှဉ်ကာ မွေးဖွားငြား
ငှက်ငယ်လေးများ အချစ်ပမာ..
နှစ်သက်တာ ထိုအချစ်မျိုး
ရိုးရိုးလေးပါ။

0 သူတို့ရေးသား အမှတ်တရစကား:
Post a Comment
((( ရင်ထဲက စကားလေး အမှတ်တရ ထားခဲ့နိုင်ပါတယ် )))