အထီးကျန်နေဆဲ

ရေးသားသူ= ရှင်သန်


တကယ်တော့လေ…။
ပျော်ရွှင်မှုတို့ရဲ့ အေးရိပ်အောက်မှာ
သာယာမှုတွေ တစ်ထွေးကြီးနဲ့
ငြိမ်းချမ်းစွာ မှေးစက်ချင်ခဲ့တာ။

ဒါပေမယ့်..။

လှုပ်ခတ်မှုပြင်းတဲ့ ပတ်ဝန်းကျင်
ရော့ရဲသော စိတ်ဓာတ်
အသက်မဲ့တဲ့ လုပ်ရပ်တို့ကြောင့်
အတန်တန် မျှော်လင့်ခဲ့သော
ပျော်ရွှင်စရာ ဥယျာဉ်လေးရဲ့
ဟိုး... အဝေးမှာ
သူ တစ်ယောက် အထီးကျန်စွာ ရှိနေဆဲ……..။

0 သူတို့ရေးသား အမှတ်တရစကား:

Post a Comment

((( ရင်ထဲက စကားလေး အမှတ်တရ ထားခဲ့နိုင်ပါတယ် )))

free counters
အမှတ်တရ စကားဂေဟာ

♣အမှတ်တမဲ့ ရေသွားပေမယ့်လည်း အမှတ်တရ ရင်မှာ ကျန်ရစ်နေမှာပါ♣