တို့နှစ်ယောက် ဆုံတွေ့ခြင်းဟာ
ပျော်မွေ့ဖွယ်ဖြစ်ပေမယ့်
နောက်ကျတဲ့ ခြေလှမ်းတွေဖြစ်လေတော့
အလာ ကောင်းပေလည်း
အခါနှောင်းခဲ့ပါပြီ ချစ်သူရယ်။
မင်း အလှတွေက
မြေခ နေလို့ မဟုတ်ပါ။
အကယ်ဒမီ ထိုက်တဲ့ အလှမှန်း
ခပ်လှမ်းလှမ်းက ကြည့်လည်း
ငါ မြင်ပါတယ်။
မင်းဆီက
သာယာဖွယ် ဘယ်လိုပင်ရရ
နယ်လွန်ပြီးတဲ့ ငါ့ ခြေလှမ်းတွေက
တန်းတန်းမတ်မတ်ပဲ ခရီးဆက်ရတော့မယ်
အလှပန်းတွေ တပုံတပင်
ခုန်မင်စရာ ဖြစ်ပေမယ့်
မှုန်ပြာရီ ငါ့နှလုံးသားတော့
ဟိုတုန်းထဲက အကျဉ်းကျခဲ့တာပါ။
ပြေးခုန်အားတွေ ကောင်းမွန်ပေမယ့်
ဝေးတမြေမှာ အကြင်နာ ရှိနေတော့
စွမ်းသမျှ အစွမ်းမပြနိုင်တဲ့ ဘ၀ပါကွာ။
တော်ဝင်ပန်းကို အံတုနိုင်တဲ့အလှ
ထူးခြားဆန်းကြယ်တဲ့ အမူအရာ
နွေဥသြ ရှုံးတဲ့ စကားသံ
အတန်တန် အဖုံဖုံ
ညှို့အားစုံ စွဲမက်ပေမယ့်
ကိုယ်ဟာ
ပိုင်ရှင်ရှိ ပန်းပွင့်ဖြစ်လေတော့
သူ့အပေါ်
ထူးခြားဆန်းကြယ်တဲ့ အမူအရာ
နွေဥသြ ရှုံးတဲ့ စကားသံ
အတန်တန် အဖုံဖုံ
ညှို့အားစုံ စွဲမက်ပေမယ့်
ကိုယ်ဟာ
ပိုင်ရှင်ရှိ ပန်းပွင့်ဖြစ်လေတော့
သူ့အပေါ်
သစ္စာရှိပါစေတော့ကွာ။ ။
6.9.2012 သောကြာ 1း20 PM

2 သူတို့ရေးသား အမှတ်တရစကား:
ကဗျာလေးကောင်းတယ်..ရှင်သန်ရေ...အာပေးနေတယ်နော်...
ဆက်လက်ထုဆစ်နိုင်ပါစေ... “ရှင်သန်” ဆိုတဲ့ နံမည်လေးအတိုင်း..ဘလော့ဂါလောကမှာ ထာဝရရှင်သန်နိုင်ပါစေ.....
ခင်မင်နေတဲ့..မိုးနတ်..
ကဗျာလေး အားပေးသွားပါတယ် ကိုရှင်သန်ရေ :)
Post a Comment
((( ရင်ထဲက စကားလေး အမှတ်တရ ထားခဲ့နိုင်ပါတယ် )))