နေရာတိုင်းကို ငါ မပိုင်ပေမယ့်
နေရာတိုင်းသည် ငါ့ရဲ့ သင်္ချိုင်း ဖြစ်ခွင့် ရှိသည်။
လောကသားတွေမို့ လောဘတရားတွေ ရှိတာပေါ့။
အစွန်းရောက်လောဘကိုတော့ ရင်ဝယ် မပိုက်မိစေနဲ့။
ဘယ်နေ့ သေမှာကို မသိပေမယ့် တစ်နေ့ သေမှာကို ငါ သိနေပါတယ်။
သေရတာ မခက်ပါဘူး။ သေနည်းမှန်ဖို့သာ ခက်သည်။
သေမင်းကို မကြောက်သော နည်းသည် သေခြင်းကို သတိရမှုပင် ဖြစ်သည်။
သေမှာကို ဆင်ခြင်တတ်သော အကျင့်ရှိသူသည် သေမင်းကို မကြောက်တော့။
မြန်မာလူမျိုးအများစုသည်
စည်းကမ်းကို ဖောက်ဖျက်လိုက်လို့ တွေ့ကြုံရမည့်
ဆိုးကျိုးများစွာကို တွေးမကြောက်တတ်။
စည်းကမ်းမလိုက်နာလို့ ထုတ်ပြန်ထားသည့်ဒဏ်ကိုသာ
ကြောက်တတ်သော လူမျိုးဖြစ်သည်။
လုပ်ရပ်တစ်ခုသည် တစ်ခုသော အကျိုးကိုသာ ဖြစ်စေသည် မဟုတ်။
အကျိုးဆက်များစွာကို ဖြစ်ပေါ်စေသည်။
ဆင့်ပွားကောင်းကျိုး၊ ဆိုးကျိုးတို့ကို ခံနိုင်လားဟုတော့ စဉ်းစားပေါ့။
ကျော်ချင်လို့ ပြောခြင်း မဟုတ်ရ။
တော်စေချင်လို့ ပြောခြင်းသာ...။
ငါ့ အပြုအမူ၊ င့ါ အပြောအဆို၊ င့ါ အတွေးအကြံတို့နှင့်
ထိုက်တန်သော အကျိုးကိုသာ ငါ ပိုင်ဆိုင်ရမှာ။
အသင်လူသား...
ကျောခိုင်းသွားလည်း..
ငါ လမင်းကား..
အသင်သွားရာ အလင်းဖြာလျက်
ထွန်းပနေမှာ အမြဲသာတည်း...။
ဝေဖန်ခြင်းသည် ကောင်းကျိုးဆီသို့ ဦးတည်၍
အပြစ်တင်ခြင်းသည် ဆိုးကျိုးဆီသို့ ဦးတည်သည်။
ကောင်းကျိုးဆီသို့ ဦးတည်စေသာ်..

0 သူတို့ရေးသား အမှတ်တရစကား:
Post a Comment
((( ရင်ထဲက စကားလေး အမှတ်တရ ထားခဲ့နိုင်ပါတယ် )))