နှင်းဆီသံစဉ်

ရေးသားသူ= ရှင်သန်

တက်သစ်စ နေခြည်

ကောင်းကင်ပြာပြာအောက်

ဒီဇင်ဘာနှင်းတို့အကြား

ခန်းနားဝါထည် ဥယျာဉ်အလယ်

ငြိမ်သက်တင့်တယ်

နှင်းဆီငယ်ရဲ့ သံစဉ်တစ်ပုဒ်..



နှင်းဆီရဲ့ ရနံ့ကို နမ်းရှိုက်

နှင်းဆီရဲ့ အလှမှာ မှေးစက်

နှင်းဆီရဲ့ အရိပ်မှာ ချွေးသိပ်

နှင်းဆီအလိုက်ကို အကြိုက်ဆောင်ကာ

စွဲမက်ဖွယ် နှလုံးသားနဲ့

ပျံသန်းလာတဲ့ လိပ်ပြာရယ်..



ထာဝရပွင့်လန်းချင်လည်း

ရှင်သန်မှုစွမ်းအား လျော့ပါးခဲ့ပြီ

ဝတ်ရည်ချိုချို တိုက်ကျွေးချင်လည်း

ဝတ်ရည်ခန်းချိန်ရောက်ခဲ့ပြီ



အနီရောင် နှင်းဆီ

ခုတော့ ပန်းနုရောင်သန်းလုပြီ

လှလွန်းတဲ့ နှင်းဆီ

ခုတော့ အကြည်းတန်လုပြီ

မွှေးလွန်းတဲ့ နှင်းဆီ

ခုတော့ ရနံ့ပြယ်လုပြီ

နှင်းဆီတစ်ပွင့်ရဲ့ မြေခချိန်ပေါ့..



ကွယ်ပခြင်းအမှန်ဖြစ်ခဲ့တောင်

အကြင်နာခြေရာလေး ထားရစ်မယ်

ဖြစ်မြန်ပျက်မြန်လောကထဲက

ပျက်လွယ်ခြင်းကင်းတဲ့ ခြေရာလေးပေါ့

ရုတ်တစ်ရက် နှုတ်မဆက်ချင်လို့

အသိပေး နှုတ်ဆက်ပါတယ်

ချစ်လှစွာသော လိပ်ပြာငယ်ရယ်...


၁၃.၂.၂၀၁၂ တနင်္ဂလာနေ့။ ။

3 သူတို့ရေးသား အမှတ်တရစကား:

Unknown said...

တကယ်ကို နှင်းဆီသံစဉ်တွေနဲ့ ပြည့်နှက်နေတာပါပဲ...
ခံစားသွားပါတယ်ဗျာ...:)

စံပယ်ချို said...

ဖြစ်မြန်ပျက်မြန်လောကထဲက
ပျက်လွယ်ခြင်းကင်းတဲ့ ခြေရာလေးနဲ့ အရောက်လှမ်းလာခဲ့ပါတယ်

မိုးသူ(တောင်ကြီး) said...

ကွယ်ပခြင်းအမှန်ဖြစ်ခဲ့တောင်

အကြင်နာခြေရာလေး ထားရစ်မယ်

Post a Comment

((( ရင်ထဲက စကားလေး အမှတ်တရ ထားခဲ့နိုင်ပါတယ် )))

free counters
အမှတ်တရ စကားဂေဟာ

♣အမှတ်တမဲ့ ရေသွားပေမယ့်လည်း အမှတ်တရ ရင်မှာ ကျန်ရစ်နေမှာပါ♣