စင်စစ်လပြည့် ည

ရေးသားသူ= ရှင်သန်



အခြေအနေကြောင့်
ဘယ်အရပ်မှာ သူရှိနေ
အမြင်ကျဉ်းကာ အပြစ်မဆိုနဲ့။

မှန်ကန်တဲ့ နှလုံးသား
မွန်မြတ်တဲ့ ဦးတည်ချက်
သန့်စင်တဲ့ အတွေးရိပ်
တဖိတ်ဖိတ် ရှိ မရှိသာ
သေချာစိစစ် ဝေဖန်ကြည့်လေ။

ခမည်းတော်ကို သတ်
ဒေ၀ဒတ်၏ ကြံရာပါ
မင်းရာဇာ အဇာတသတ်ကိုသော်မှ
သာမညဖလ တစ်သုတ်မျှကို
နာကြားသည့်တွက် ကောင်းတစ်ကွက်ကို
သနားငဲ့ညှာ ကရုဏာဖြင့်
လျံမီးစွဲ ၀ီစိငရဲက
နားလည်မှုပေး ခွင့်လွတ်သေဒတယ်..။

တိမ်တိုက်တို့ ဖုံးခိုက်မို့
လမင်းကြီး အလင်းမပေးနိုင်သေးတာ
ဘယ်လိုပဲ ဖြစ်ဖြစ်
ဒီညဟာ လပြည့်ညပါ။

ဒီရေကျရင်တော့
သောင်ပြင် ပြန်ထွန်းမြဲလေ
ဒီတော့မှ
ပြုံးပျော်စွာ အပန်းဖြေပေါ့။
ပင်လယ်အလှကို ခံစားပေါ့။







19.8.2011

0 သူတို့ရေးသား အမှတ်တရစကား:

Post a Comment

((( ရင်ထဲက စကားလေး အမှတ်တရ ထားခဲ့နိုင်ပါတယ် )))

free counters
အမှတ်တရ စကားဂေဟာ

♣အမှတ်တမဲ့ ရေသွားပေမယ့်လည်း အမှတ်တရ ရင်မှာ ကျန်ရစ်နေမှာပါ♣