မြန်မာ့အာဇာနည်

ရေးသားသူ= ရှင်သန်





သူငယ်ချင်းရယ်..

မြန်မာ့ အာဇာနည်


မြန်မာ့သူရဲကောင်းတွေဟာ


အသက်တွေ အပိုပါလို့
တိုက်ပွဲတွေ ဆင်ခဲ့တာ မဟုတ်၊

 
 
ကျောက်စာတို့မှာ
 
ကမ္ပည်းထိုးနိုင်ဖို့

တိုက်ပွဲတွေ ၀င်ခဲ့တာ မဟုတ်၊ 

စာသင်သားတို့အတွက်

သမိုင်းပြဋ္ဌာန်းစာ တစ်ရပ်ဖြစ်ဖို့

လက်နတ်တွေ ကိုင်ခဲ့တာ မဟုတ်၊

 
 
နောင်လာသူတို့အတွက်

ပါးစပ်ရာဇ၀င်တစ်ပုဒ်ဖြစ်ဖို့

လက်နတ်တွေ လွယ်ခဲ့တာ မဟုတ်၊ 

သူရဲကောင်းဘွဲ့ကို

တရှိုက်မက်မက်ဖြစ်လို့

လက်နတ်တွေကို အဖော်ပြုခဲ့တာ မဟုတ်၊ 


 
သားသတ်မုဆိုး

အသက်သတ်ဝါသနာကြီးလို့

တိုက်ပွဲတွေ စိန်ခေါ်ခဲ့တာ မဟုတ်၊ 

အင်္ဂုလိမာလလို

ကောက်ကျစ်တဲ့ ပတ်ဝန်းကျင်ကြောင့်

တိုက်ပွဲခေါ်သံတွေကြား ၀င်တိုးခဲ့တာ မဟုတ်၊ 


 
တကယ်တော့လေ…

မင်းတို့ ငါတို့...

လွတ်လပ်စွာ နေရဖို့

တည်ငြိမ်အေးချမ်း နေရဖို့

ငြှိုးငယ်မျက်နှာတို့ ရွှင်လန်းဖို့

မြန်မာ့သတ္တိ၊ မြန်မာ့ဇွဲကို ပြဖို့

အနိုင်ကျင့်ဗိုလ်ကျမှုကို ထုချေဖို့

ယဉ်ကျေးမှုတွေ သွေးမရောဖို့

ဘာသာရေးတွေ မကွယ်ပဖို့

လက်တွေ သွေးစွန်းခဲ့ရတယ်.

ရဲရဲတောက် နေရောင်လို၊

အသက်တွေ စတေးခဲ့ရတယ်.

တံတွေး တစ်စက်မျှ သဘောထားလို့။

ကိုယ်ပိုင်အိမ်မက်တွေ မျိုသိပ်ခဲ့ရတယ်

ကမ္ဘာ့အပြင် ထုတ်ထားထားသည့်ပမာ...၊
 

64- ကြိမ်မြောက်အာဇာနည်နေ့ကို ဂုဏ်ပြုသည်....။

0 သူတို့ရေးသား အမှတ်တရစကား:

Post a Comment

((( ရင်ထဲက စကားလေး အမှတ်တရ ထားခဲ့နိုင်ပါတယ် )))

free counters
အမှတ်တရ စကားဂေဟာ

♣အမှတ်တမဲ့ ရေသွားပေမယ့်လည်း အမှတ်တရ ရင်မှာ ကျန်ရစ်နေမှာပါ♣